တောင်ကိုရီးယားမင်းသမီး Honey Lee ဟာဆိုရင် ချစ်စရာကောင်းတဲ့ သမီးဦးလေးကို ကျန်းကျန်းမာမာနဲ့ ဖွားမြင်သွားပြီပဲ ဖြစ်ပါတယ်။ မင်းသမီး Honey Lee သမီးဦးလေး ဖွားမြင်သွားပြီဖြစ်တဲ့အကြောင်းကို သူမရဲ့ အေဂျင်စီဖြစ်တဲ့ Saram Entertainment က အခုလိုလေး ကြေညာပေးခဲ့တာဖြစ်ပါတယ်။ 

Google
Google
Google

Saram Entertainment ရဲ့ ကြေညာချက် ထုတ်ပြန်ချက်လေးကို အောက်မှာ ဖော်ပြပေးထားပါတယ်။ 

“မင်္ဂလာပါ ..

Honey Lee ရဲ့ အေဂျင်စီဖြစ်တဲ့ Saram Entertainment ကဖြစ်ပါတယ်။ မင်းသမီး Honey Lee က မနေ့တုန်းက ဆိုလ်းမြို့က ဆေးရုံတစ်ရုံမှာ သမီးဦးလေးကိုဖွားမြင်ခဲ့ပါတယ်။ မိခင်ရော သမီးလေးရော နေကောင်းကျန်းမာကြပြီး မိသားစုဝင်တွေရဲ့ အပြည့်အဝ စောင့်ရှောက်ပေးမှုကို ခံယူနေကြပါတယ်။ Honey Lee တို့မိသားစု အတွက် ဆုမွန်ကောင်းတောင်းပေးကြတဲ့ သူတွေအားလုံးကို  ကျေးဇူး အများကြီး တင်ရှိပါတယ် .. 

ဂုဏ်ယူပါတယ် .. Honey Lee ရေ ..”

Google
Google
Google

Honey Lee ရဲ့ သမီးဦးလေးကတော့ သူ့မေမေလိုပဲ အရမ်းတွေ ချစ်ဖို့ကောင်းနေတော့မှာပဲနော်။ နောက်ဆို သားအမိ နှစ်ယောက် ဓာတ်ပုံလေးတွေကိုပါ အတူတွဲပြီး တွေ့လာရတော့မယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။