တောင်ကိုရီးယားမင်းသမီး Son Ye Jin ဟာဆိုရင် ချောမောလှပတဲ့ ရုပ်ရည်နဲ့ ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက်ရရှိထားတဲ့ သူဖြစ်ပါတယ်။ Son Ye Jin ဟာ ထိပ်တန်းမင်းသမီး တစ်လက်ပီပီ ဇာတ်လမ်းတွေကို ရွေးချယ်တဲ့နေရာမှာလည်း သေသေချာချာရွေးချယ်တဲ့ သူဖြစ်ပါတယ်။ Son Ye Jin ငြင်းပယ်ခဲ့တဲ့ ဇာတ်ကားတွေထဲမှာ ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ “My Way” ဇာတ်လမ်းလည်း တစ်ခု အပါအဝင်ပဲဖြစ်ပါတယ်။ 

Google

 “My Way”  ဇာတ်လမ်းထဲမှာ Jang Dong Gun နဲ့ Kim Shi Hoo တို့ အပါအဝင် တရုတ်နိုင်ငံ စူပါစတားဖြစ်တဲ့ Fan Bingbing ၊ ဂျပန် နာမည်ကြီး သရုပ်ဆောင်ဖြစ်တဲ့ Joe Odagiri နဲ့ အခြား သရုပ်ဆောင်တွေလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။ “My Way” ရုပ်ရှင်ကို စတင်ရိုက်ကူးခဲ့စဉ်ကတည်းက နာမည်ကြီးဖို့ အတွက် ရည်ရွယ်ခဲ့တာကြောင့် သရုပ်ဆောင်တွေကိုလည်း အကောင်းဆုံးတွေ သုံးထားတယ်လို့ သိရပါတယ်။ 

Google 

ခေါင်းဆောင်မင်းသမီးနေရာမှာလည်း အကောင်းဆုံးကို သုံးဖို့ရည်ရွယ်ထားတာကြောင့် ဇာတ်လမ်းထဲမှာ Son Ye Jin ကိုထည့်ဖို့ ကြိုးစားခဲ့ကြတယ်လို့ သိရပါတယ်။ Son Ye Jin က စစချင်းမှာ လက်ခံခဲ့ပေမယ့် production အဖွဲ့နဲ့ အဆင်မပြေတာကြောင့် ချက်ချင်း  နှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အဆိုပါဇာတ်လမ်းထဲကနေ Son Ye Jin ကို ထုတ်ပယ်ခဲ့ရတယ်လို့ သိရပါတယ်။ 

Google 
Google 

ရလာဒ် အနေနဲ့ မမ Son Ye Jin တစ်ယောက် နာမည်ကြီး အင်တာနေရှင်နယ် သရုပ်ဆောင်တွေနဲ့ တွဲပြီး ရိုက်ကူးခွင့် ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် ဇာတ်လမ်းက မှန်းထားသလောက် မအောင်မြင်ခဲ့တာကြောင့် ပရိသတ်တွေက Son Ye Jin ရဲ့ ဆုံးဖြတ်ချက်မှန်ကန်ခဲ့တယ်လို့ ဆိုခဲ့ကြပါတယ်။ “My Way” ဇာတ်လမ်းကို ရိုက်ကူးဖို့အတွက် အမေရိကန်ဒေါ်လာ ၂၈ သန်း ကုန်ကျခဲ့ပြီး လက်မှတ်ရောင်းရငွေကတော့ အမေရိကန် ဒေါ်လာ ၁၆.၅ သန်းသာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။