တောင်ကိုရီးယားမင်းသား Lee Joon –gi ဟာဆိုရင် ငယ်ရွယ်ပြီး ရုပ်ရည်ချောမောတဲ့ ရုပ်ရည်လေးကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိထားတဲ့သူ ဖြစ်ပါတယ်။ Lee Joon –gi က ငယ်ရွယ်ကတည်းက ပိန်သွယ်ပါးလွှာပြီး အရပ်ရှည်တဲ့သူဖြစ်ပါတယ်။ Lee Joon –gi က ဘူဆန်မှာမွေးဖွားခဲ့တဲ့သူဖြစ်ပြီး သူ့ရဲ့အိမ်မက်က ပရိုဂရမ်မာ တစ်ယောက်ဖြစ်လာဖို့ ဖြစ်ပါတယ်။ Lee Joon –gi က သူ့သူငယ်ချင်းနဲ့ Hamlet  ပြဇာတ်ထဲမှာ ပါဝင်ပြီးနောက်မှာ မင်းသားတစ်ယောက် ဖြစ်လာလို့ အိမ်မက်ရှိခဲ့တာ ဖြစ်ပါတယ်။

Google
Google

Lee Joon-gi က သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တဲ့ အိမ်မက်တစ်ခုတည်းနဲ့ ဆိုးလ်မြို့ပေါ်ကို တတ်လာခဲ့တဲ့ သူဖြစ်ပါတယ်။ နေထိုင်စားသောက်ဖို့အတွက် အချိန်ပိုင်းအလုပ်တွေ အများကြီးလုပ်ပြီး သရုပ်ဆောင် လူရွေးပွဲတွေ ဝင်ပြိုင်ခဲ့ရတဲ့ Lee Joon-gi ရဲ့ဘဝက ထင်ထားသလောက်တော့ မလွယ်ကူခဲ့ပါဘူး။

Google

Lee Joon-gi ဟာဆိုရင် မင်းသားအဖြစ် အနုပညာလှုပ်ရှားမှု နယ်ပယ်ထဲကို စတင်ဝင်ရောက်လာခဲ့စဉ်ကတည်းက ကျရာဇာတ်ရုပ်တိုင်းမှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ သူဖြစ်ပါတယ်။ Lee Joon-gi ရဲ့ ငယ်ဘဝ ထဲပုံထဲမှာလည်း ပိန်သွယ်ပြီး ချောမောလွန်းတဲ့ ပုံရိပ်လေးကို တွေ့မြင်ရမှာပါနော်။

Google
Google
Google

Lee Joon-gi က အသက် ၄၁ နှစ်အရွယ်ရှိနေပေမယ့် အခုအချိန်အထိ ၂၀ ကျော်လေးအလားလို့ ထင်ရလောက်တဲ့အထိ ငယ်ရွယ်နုပျိုမှုကို ပိုင်ဆိုင်ထားတုန်းပဲ ဖြစ်ပါတယ်။ တောင်ကိုရီးယားမင်းသား Lee Joon-gi ရဲ့အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။