တောင်ကိုရီးယားမင်းသမီး Han So-hee နဲ့ မင်းသား Song Kang တို့ တွဲနေကြတယ်ဆိုတဲ့ သတင်းတွေ မကြာသေးမီအချိန်က ထွက်ရှိခဲ့တာဖြစ်ပါတယ်။ သတင်းတွေ ထွက်ရှိလာခဲ့တဲ့ အကြောင်းအရင်းကတော့ သူတို့နှစ်ဦးကို ဓာတ်ပုံတစ်ပုံထဲမှာ အတူတူမြင်တွေ့ခဲ့ရလို့ ဖြစ်ပါတယ်။ 

Google
Google

ဓာတ်ပုံထွက်ရှိလာချင်းချင်းမှာပဲ အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားပြီး Han So-hee နဲ့ Song Kang တို့ တွဲနေကြပြီဆိုတဲ့ သတင်းတွေ ထွက်လာတာဖြစ်ပါတယ်။

Instagram

ဓာတ်ပုံထဲကကောင်မလေးက Han So-hee ဆိုတာသေချာပေမယ့် ဓာတ်ပုံထဲကကောင်လေးကတော့ Song Kang ဆိုတာ မသေချာပါဘူး။ ဒါကြောင့် လူတွေဝေခွဲမရ ဖြစ်နေတဲ့ အချိန်မှာပဲ Moon Sang-min က Song Kang နဲ့ Han So-hee တို့ တွဲနေကြတယ်ဆိုတဲ့ ကောလာဟလကို ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။

Google

Moon Sang-min က ဓာတ်ပုံထဲက Han So-hee နဲ့ တွဲရိုက်ထားတဲ့ကောင်လေးက သူဖြစ်ကြောင်း သူတို့နှစ်ဦးက “My Name” ဇာတ်လမ်းတွဲရဲ့  သရုပ်ဆောင်တွေ့စုံပွဲမှာ ဓာတ်ပုံရိုက်ခဲ့တာဖြစ်ကြောင်းကို ပြန်လည်ဖြေရှင်းပေးထားပါတယ်။ လက်ရှိမှာ Moon Sang-min နဲ့ Han So-hee တို့က “My Name” ဇာတ်လမ်းတွဲထဲမှာ အတူတွဲပြီး သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။