တောင်ကိုရီးယားမင်းသမီး Seo Min Jung ဟာဆိုရင် ၂၀၀၀ ခုနှစ်မှာ အနုပညာလောကထဲ စတင်ဝင်ရောက်ခဲ့တဲ့ နာမည်ကြီး မင်းသမီး တစ်လက် ဖြစ်ပါတယ်။ Seo Min Jung ရယ်လို့ လူသိများလာခဲ့တဲ့ ဇာတ်လမ်းလေးကတော့ ၂၀၀၆ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ High Kick ဆိုတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Seo Ming Jung ဟာ နာမည်ပျက် လုံးဝမရှိဘဲ အနုပညာလှုပ်ရှားမှုတွေကနေ အနားယူခဲ့တဲ့ သူဖြစ်ပါတယ်။ Soe Min Jung ဟာ ၂၀၀၇ ခုနှစ်မှာ ချစ်ရသူဖြစ်တဲ့ ကိုရီးယား အမေရိကန် လူမျိုး သွားဆရာဝန်နဲ့ လက်ထပ်ခဲ့ပြီး ကြီးကျယ်ခန်းနားတဲ့ မင်္ဂလာပွဲကြီးကို ဆင်နွှဲခဲ့ပါတယ်။

Google
Google
Google

မင်္ဂလာပွဲပြီးသွားပြီးတဲ့နောက်မှာ Seo Min Jung က သူမရဲ့ခင်ပွန်းဖြစ်သူနေထိုင်တဲ့ နယူးယောက်မြို့မှာ သွားရောက်နေထိုင်ခဲ့ပါတယ်။ ဒါကြောင့် Seo Min Jung တစ်ယောက် ကိုရီယားအနုပညာလောကနေ အနားယူဖို့အတွက် ဆုံး ဖြတ်ခဲ့ပါတယ်။ Seo Min Jung ဟာ ၂၀၀၈ ခုနှစ်မှာ Ahn Ye Jin လို့ခေါ်တဲ့ သမီးလေးတစ်ယောက်ကို ဖွားမြင်ခဲ့ပါတယ်။

Google
Google
Google
Google

Seo Min Jung ဟာ အနုပညာလှုပ်ရှားမှုတွေလုပ်ဖို့အတွက် တောင်ကိုရီးယားကို ပြန်လာချင်ပေမယ့် သူမမိသားစုကိုသာ ဦးစားပေးရွေးချယ်ခဲ့ပြီး အနုပညာလှုပ်ရှားမှုတွေကို ဆက်ပြီး မလုပ်ဖြစ်ခဲ့တော့ပါဘူး။ အမေရိကန်နိုင်ငံမှာ မိသားစုနဲ့အတူ ပျော်ရွှင်စွာ နေထိုင်နေပြီဖြစ်တဲ့ တောင်ကိုရီးယား မင်းသမီး Seo Min Jung ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။