တောင်ကိုရီးယားသရုပ်ဆောင် Jang Ja Yeon ဟာ လှပပြီး ထူးချွန်ထက်မြတ်တဲ့သူဖြစ်ပေမယ့် လျို့ဝှက်ဆန်းကြယ်စွာ သေဆုံးခဲ့ရတဲ့သူဖြစ်ပါတယ်။ Jang Ja Yeon က လူသိနည်းတဲ့ သရုပ်ဆောင်လေးဖြစ်ပြီး သူမ သရုပ်ဆောင်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွဲတွေထဲမှာ Boys Over Flowers (F4 ချစ်သူ ) ဇာတ်လမ်းတွဲ တစ်ခုတည်း လူသိများ အောင်မြင်ခဲ့တာဖြစ်ပါတယ် ။ F4 ချစ်သူဇာတ်လမ်းတွဲမှာလည်း အဓိက သရုပ်ဆောင်တွေကိုသာ လူသိများခဲ့ပြီး အရံသရုပ်ဆောင်တွေကို လူသိနည်းခဲ့ပါတယ်။

Google

F4 ချစ်သူဇာတ်လမ်းတွဲထဲမှာ Jang Ja Yeon က အထက်တန်းကျောင်းက နာမည်ကြီး ကောင်မလေး ၃ ယောက်ထဲက တစ်ယောက်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သူမရဲ့ ဇာတ်ကောင်နေရာက အဓိက ဇာတ်ကောင် Geum Jan Di (Goo Hye Sun) ကို အနိုင်ကျင့်တဲ့နေရာကနေ သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ခပ်မိုက်မိုက်ဗီလိန် ဇာတ်ကောင်လေးဆိုတော့ သူမကို လူတော်တော်များများက မှတ်မိနေကြပါတယ်။ ဒါပေမယ့် သူမက လူ့လောကမှာ မရှိရှာတော့တာကို လူတွေ သတိမထားမိခဲ့ကြပါဘူး။

Google
Google

Jang Ja Yeon ကို ၂၀၀၉ ခုနှစ် မတ်လ ၇ ရက်နေ့မှာ နေ့အိမ်မှာ သေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။ Jang Ja Yeon သေဆုံးမှုကို ရဲတပ်ဖွဲ့ဝင်တွေက သေကြောင်းကြံစည်မှုလို့ သတ်မှတ်ထားကြပေမယ့် ပရိသတ်တွေကတော့ ရိုးရိုးသာမန် သေကြောင်းကြံစည်မှု မဟုတ်ဘူးလို့ဆိုကာ ဆန္ဒပြပွဲတွေအထိ ပြုလုပ်ခဲ့ကြပါတယ်။ Jang Ja Yeon သေဆုံးပြီးတဲ့နောက်မှာ တာဝန်ရှိသူတွေက Jang Ja Yeon ရဲ့ နေ့စဉ်မှတ်တမ်း စာအုပ်ကို တွေ့ရှိခဲ့ကြပါတယ်။ စာမျက်နှာ ၂၃၀ ပါတဲ့ Jang Ja Yeon ရဲ့နေ့စဉ်မှတ်တမ်းမှာ Jang Ja Yeon က ဖောက်သည် ၃၁ ယောက်ကို အကြိမ်ရေ ၁၀၀ ကျော် (လိင်ပိုင်းဆိုင်ရာ) ဖျော်ဖြေဖို့ တွန်းအားပေး ခံခဲ့ရတယ်လို့ ရေးထားပါတယ်။

Google
Google

Jang Ja Yeon ဟာဆိုရင် သရုပ်ဆောင်လောကထဲကို ဝင်ရောက်နိုင်ဖို့အတွက် ဂန်းနန်းက ကာရာအိုကေဆိုင်တွေမှာ VIP ဧည့်သည်တွေကို ဖျော်ဖြေခဲ့ရတယ်လို့လည်း သူမရဲ့နေ့စဉ်မှတ်တမ်းထဲမှာ ရေးထားပါတယ်။ နေ့တိုင်း အင်္ကျီအသစ် တစ်ထည်လဲဝတ်လိုက်တာနဲ့ ဆိုးရွားလွန်းလှတဲ့ ဖြစ်ရပ်ကြီး တစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုတဲ့ အကြောင်းကိုလည်း Jang Ja Yeon က သူမရဲ့စာအုပ်လေးထဲမှာ ထည့်ရေးထားပါတယ်။

Google
Google
Google

Jang Ja Yeon သေဆုံးမှုနဲ့ပတ်သတ်ပြီး အဖြေရှာလို့မရတဲ့ အချက်တွေလည်း အများကြီး ရှိလို့နေပါတယ်။ ဘာကြောင့်ဆို Jang Ja Yeon ဆုံးပါးသွားခဲ့စဉ်က သေတမ်စား တစ်ခုမှမရေးခဲ့သလို နှုတ်ဆက်စာလည်း တစ်စောင်မှ မချန်ခဲ့ပါဘူး။ ဒါကြောင့် Jang Ja Yeon ရဲ့ သေဆုံးမှုမှာ လှည့်စားမှုတွေ ရှိနေတယ်လို့လည်း ပရိသတ်တွေက ယူဆထားကြပါတယ်။ Jang Ja Yeon ရဲ့ သေဆုံးမှုကတော့ ယနေ့အချိန်အထိ ပဟေဋ္ဌိပေါင်းများစွာနဲ့ အဖြေရှာမရတဲ့ ဖြစ်ရပ်ကြီး အဖြစ် တည်ရှိနေတုန်းပဲ ဖြစ်ပါတယ်။

Source - Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။