ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာဆိုရင် အနယ်နယ် အရပ်ရပ်က အုပ်ထိန်းသူဘက်က မစောင့်ရှောက်နိုင်တော့တဲ့ကလေးငယ်လေးတွေကို မိခင်အရင်းတစ်ယောက်လိုမျိုး စောင့်ရှောက်ပေးနေတဲ့ သူဖြစ်ပါတယ်။ လက်ရှိမှာ ခိုင်နှင်းဝေဆီမှာ တာဝန်ယူ စောင့်ရှောက်ပေးနေတဲ့ ကလေးငယ်လေးတွေ အများကြီးရှိနေပြီပဲ ဖြစ်ပါတယ်။ 

Khine Hnin Wai’s Facebook 
Khine Hnin Wai’s Facebook 

ခိုင်နှင်းဝေက သူမရဲ့ သားငယ် ၊ သမီးငယ်လေးတွေကို အရမ်းချစ်ပြီး ကလေးငယ်လေးတွေရဲ့ ပုံရိပ်လေးတွေကိုလူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမြဲတင်ပေးလေ့ရှိပါတယ်။ 

Khine Hnin Wai’s Facebook 
Khine Hnin Wai’s Facebook 

ခိုင်နှင်းဝေရင်သွေးလေးများ ဂေဟာမှာရှိတဲ့  ကလေးငယ်လေးတွေကလည်း သူတို့ ဘဝလေးတွေကို ပျော်ရွှင်ကျေနပ်နေကြပြီး အချင်းချင်း သံယောဇဉ်လေးတွေတောင် ဖြစ်နေကြပါပြီ။ ဒီနေ့မှာလည်း ခိုင်နှင်းဝေကစိတ်ကောက်ပြီး ငိုနေတဲ့ ကိုလပြည့်ကလေးကို နို့ဘူးလေးတိုက်ပြီး ချော့ပေးနေတဲ့ ကိုခိုင်ထက်ဦးမောင် (ကိုအာကြီး) လေးရဲ့ ဗီဒီယိုဖိုင်လေး ဝေမျှပေးလာပါတယ်။ 

Khine Hnin Wai’s Facebook 

ဗီဒီယိုလေးထဲမှာ စိတ်ကြီးကြီးနဲ့ အဆက်မပျက်ငိုနေတဲ့ ကိုလပြည့်လေးကို အာကြီးလေးက မျက်နှာ သေးသေးလေးနဲ့ နို့ဘူးလေး တိုက်ပြီး လိုက်ချော့ပေးနေတာဖြစ်ပါတယ်။ 

Khine Hnin Wai’s Facebook 

ရုတ်တရတ်ကြည့်လိုက်ရင် သာမန်လို့ပဲ ထင်ရပေမယ့် ဒီမြင်ကွင်းလေးက ရိုးရှင်းဖြူစဉ်တဲ့ ကလေးငယ်လေးတွေရဲ့ သံယောဇဉ် ၊ ဂရုစိုက်ပေးမှုလေးကို အတိုင်းသားတွေ့ရပါတယ်နော်။ ဖြူစင်ရိုးသားလွန်းတဲ့ ကလေးငယ်လေး နှစ်ယောက်ရဲ့ ဗီဒီယိုလေးကို ကြည်နူးဖွယ်လေး ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။