တောင်ကိုရီးယားမင်းသမီး Lee Min Jung ဟာဆိုရင် Once Again , Coming Single lady , Boys over flower (F4 ချစ်သူ) စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အများကြီး ရရှိထားတဲ့ သူဖြစ်ပါတယ်။သူမရဲ့ ခင်ပွန်းကတော့ နာမည်ကြီး မင်းသား Lee Lee Byung-hun ပဲ ဖြစ်ပါတယ်။ Lee Min Jung  က အိမ်ထောင်ရှင် မပီပီ သူမရဲ့ မိသားစု ပုံရိပ်လေးတွေ အထူးသဖြင့် သားလေးနဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေကို အင်စတာဂရမ် စာမျက်နှာပေါ်မှာ အမြဲဝေမျှပေးလေ့ရှိတဲ့ သူဖြစ်ပါတယ်။ 

Google 
Google 

ဇွန်လ ၁၈ ရက်နေ့တုန်းက လည်း Lee Min Jung က သူမသားလေးနဲ့အတူ water park မှာ ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ ပုံရိပ်လေးတွေ ဝေမျှပေးခဲ့ပါတယ်။ 

Instagram 

ဓာတ်ပုံလေးတွေ တင်ရင်း Lee Min Jung တစ်ယောက် သားဖြစ်သူကို ငိုအောင်လုပ်မိလို့ လူသိရှင်ကြားတောင်းပန်ထားပါသေးတယ် ။ 

Instagram 

Caption လေးထဲမှာ  “ရုပ်ကူးရေးလေး ခဏနားတုန်း သားလေးကို သူ့သူငယ်ချင်းလေးတွေနဲ့အတူ water park ကိုပို့ဖြစ်ပါတယ်ရှင်။နောက်နေ့မှာ သားလေးက water park ကို ထပ်သွားချင်တယ်ဆိုပြီး အော်ဟစ်ပြီးငိုပါတယ်။နောက်တစ်ခေါက် ကြရင် အမေဒီထက် အချိန်ကြာကြာလေး လိုက်ပို့ပေးပါမယ်နော် သားလေးရေ .. အမေ့သားလေးကို ငိုအောင်လုပ်မိလို့ တောင်းပန်ပါတယ် သားလေးရေ” ဆိုပြီး သူမရဲ့ သားအပေါ်ထားတဲ့ ခံစားချက်လေးကိုရေးတင်ခဲ့ပါတယ်။ 

Instagram 

ဓာတ်ပုံလေးတွေထဲမှာ Lee Min Jung ရဲ့ သားလေးက သူ့ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ ဆော့ကစားနေတာကိုတွေ့ရပါတယ်။ တောင်ကိုရီးယားမင်းသမီး Lee Min Jung ဟာဆိုရင် မအားလပ်တဲ့ အချိန်စာရင်းတွေ ကြားထဲမှာမှသားဖြစ်သူနဲ့ ကစားပြီး အချိန်ပေးတဲ့ မိခင်ကောင်းတစ်ယောက် ဖြစ်ပါတယ်။ 

Google
Google
Google

တောင်ကိုရီးယား မင်းသမီး Lee Min Jung ဟာ မင်းသား Lee Byung-hun နဲ့ ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သားလေးတစ်ယောက် ဖွားမြင်ခဲ့တာ ဖြစ်ပါတယ် ။

Google
Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။