မြန်မာအပါအဝင် ထိုင်း ၊ လာအို စတဲ့ နိုင်ငံများဟာ ရှေးအစဉ်အဆက်ကတည်းက ရိုးရာနတ်ကို အထူးသက်ဝင်ယုံကြည် ကိုးကွယ်ကြတဲ့ နိုင်ငံများထဲမှာ ပါဝင်ပါတယ်။ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်းမှာဆိုရင် ရိုးရာနတ်ကိုးကွယ်ခြင်းဟာ ယနေ့အချိန်ထိ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသလို ဝေဖန်မှုတွေ အများဆုံးလည်းရှိနေခဲ့ပါတယ်။ ယခုအခါမှာလည်း ထိုင်းရိုးရာ တက်တူးဆရာ ၊ နတ်ဆရာတစ်ယောက် ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပြစ်တင်ဝေဖန်မှုတွေ ခံနေရတယ်လို့ သိရပါတယ်
ရိုးရာ တက်တူးဆရာ Ajarn Joe လို့ အမည်ရတဲ့ အမျိုးသားဟာ သူ့ရဲ့ ခန်းမဆောင်အတွင်းမှာ ကြွယ်ဝချမ်းသာခြင်းနဲ့ ဆုတောင်းပြည့်ဆိုတဲ့ နတ်ရုပ်တုတွေကို sexy ကျတဲ့ အပြင်အဆင်ပုံစံနဲ့ ထုလုပ်ခဲ့တာကြောင့် လူများကြားမှာ ပြစ်တင်ဝေဖန်မှုတွေ ခံနေရတာဖြစ်ပါတယ်။
တချို့သူများက နတ်ရုပ်တုတွေကို ယခုလို အဖော်အချွတ် ဝတ်စားဆင်ယင်ပုံစံအတိုင်း ထုလုပ်ထားတာဟာ ရိုးရာအနေနဲ့ မသင့်လျော်ကြောင်း စတဲ့ ထင်မြင်ပြောဆိုချက်တွေလည်း ရှိခဲ့ပါတယ်။
အဆိုပါ ရိုးရာ တက်တူးဆရာဟာ လတ်တလောမှာ ပြစ်တင်ဝေဖန်မှုတွေ ခံနေရပေမယ့် သူ့ရဲ့ sexy အသွင်အပြင်နဲ့ နတ်ရုပ်တုများ က နိုင်ငံခြားသားဖောက်သည်တွေကြား အလွန် ရေပန်းစားကြောင်း သိရပါတယ်။
ဒါ့အပြင် တရုတ်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူ၊ မလေးရှားစတဲ့ နိုင်ငံတွေမှာ ရုပ်တု တစ်ခုလျှင် ဘတ် ၄ ထောင်နဲ့ ရောင်းချနိုင်တယ်လို့ ဆိုပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။