သရုပ်ဆောင် ၊ မော်ဒယ်ပိုင်တံခွန်ဟာဆိုရင် ကြည့်လို့ကောင်းပြီး ချောမောလှပလွန်းတဲ့ မျက်နှာလေးနဲ့ ပရိသတ်တွေရဲ့ အားပေးချင်းကို တခဲနက်ရရှိထားတဲ့သူ ဖြစ်ပါတယ်။ ပိုင်တံခွန်ကို မြန်မာ ပရိသတ်တွေသာမက၊နိုင်ငံတကာကာပရိသတ်တွေပါ အားပေးချစ်ခင်ကြပါတယ်။ 

ပိုင်တံခွန်ဟာဆိုရင် ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ခဲ့တာကြောင့် ၅၀၅ က နဲ့ အကျဉ်းထောင်ထဲရရှိပြီး မကြာသေးမီကမှ လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့မင်းသားလေး ပိုင်တံခွန်က လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ ပြန်လုပ်နေပြီး ပရိသတ်တွေရှေ့ကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ 

Paing Takhon’s Facebook
Paing Takhon’s Facebook

အခု တစ်ခေါက်မှာလည်း ပိုင်တံခွန်က ရှမ်းရိုးရာဝတ်စုံလေးဝတ်ပြီး အင်းလေးကန် မှာ လှေလှော်နေတဲ့ ဗီဒီယိုလေးတင်ပေးလာပါတယ်။ ဗီဒီယိုလေးထဲမှာ လှေကို မလှော်တတ်လှော်တတ်နဲ့ လှော်နေတဲ့ ပိုင်တံခွန်ကို တွေ့ရမှာ ဖြစ်ပါတယ်။ လှေက ရှေ့ကို မရွေ့လာဘဲ တစ်နေရာတည်းမှာပဲ ဝဲနေတာကြောင့် ပရိသတ်တွေက ပိုင်တံခွန်ရဲ့ ဗီဒီယိုလေးကို ချစ်မဝဖြစ်နေကြပါတယ်။ 

Paing Takhon’s Facebook

ပြည်သူ့မင်းသားလေး ပိုင်တံခွန်ရဲ့ ချစ်ဖို့ကောင်းတဲ့ ဗီဒီယိုလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်နော်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။