သရုပ်ဆောင် လွင်မိုးဟာဆိုရင် တစ်ခေတ်တစ်ခါက ရုပ်ရှင်လောကမှာ မပါမဖြစ် နာမည်ကြီးတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်နိုင်လွန်းလှတဲ့ ဦးလွင်မိုးဟာ အကယ်ဒမီ ၃ ဆုရှင်လည်း ဖြစ်ပါတယ်။ လွင်မိုးက လက်ရှိမှာ မိသားစုနဲ့ပဲ ပျော်ရွှင်စွာ အချိန်ကုန်ဆုံးလျက်ရှိပါတယ်။

Google

ဦး လွင်မိုးမှာ သမီးလေး နှစ်ယောက်ရှိပြီး သမီးလေး နှစ်ယောက်ထဲက အကြီးမလေး ယွန်းဝတီလွင်မိုးကတော့အိမ်ထောင်ကျပြီး သားဦးလေးတစ်ယောက်တောင် မွေးသွားခဲ့ပါပြီ။ 

Google


ဦးလွင်မိုးက သူ့ရဲ့ မြေးလေး Liam ကို အရမ်းချစ်ပြီး မြေးလေးနဲ့ အတူတူဆော့ကစားနေတဲ့ ဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ရက်ပေါ်မှာ အမြဲတင်ပေးလေ့ရှိပါတယ်။ 

Google
Google
Google

အခုတစ်ခေါက်မှာလည်း သရုပ်ဆောင် ဇွဲနိုင်ဝင်းက ဦးလွင်မိုးတို့ မြေးအဘိုးလေး သီချင်းအတူတူဆိုနေကြတဲ့ဗီဒီယိုလေးကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်ကနေတဆင့် ဝေမျှပေးလာပါတယ်။

Zwe Naing Win’s Facebook

ဗီဒီယိုလေးထဲမှာ မြန်မာပြည်သိန်းတန်သီချင်းကို ဟန်ချက်ညီညီ သီဆိုနေတဲ့ ဦးလွင်မိုးတို့ မြေးအဘိုးကို ချစ်စရာလေး တွေ့ရပါတယ်နော်။  Liam လေးကလည်း မိုက်သေးသေးလေးကို ကိုင်ပြီး မပီကလာပီကလာလေးနဲ့ အပီ ဟစ်နေတာ အရမ်းချစ်ဖို့ ကောင်းလှပါတယ်။  ချစ်ဖို့ကောင်းတဲ့ ဦးလွင်မိုးတို့ မြေးအဖိုးလေးရဲ့ ဗီဒီယိုလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။