အဆိုတော် ဟန်ထူးလွင်(ကျားပေါက်) ဟာဆိုရင် ပရိသတ်တွေ အထူးသဖြင့် လူငယ်ပရိသတ်တွေ ရဲ့ အားပေးမှုကိုတခဲနက်ရရှိထားတဲ့သူဖြစ်ပါတယ်။ ဟန်ထူးလွင်က သွားဆရာဝန်တစ်ယောက် ဖြစ်ပေမယ့် ဝါသနာပါတဲ့ သီချင်းတွေကို ရွေးချယ်ခဲ့ပြီး အနုပညာလောကထဲကို တစိုက်မတ်မတ် ဝင်ရောက်ခဲ့တဲ့သူ ဖြစ်ပါတယ်။ 

Han Htue Lwin’s Facebook
Han Htue Lwin’s Facebook
Han Htue Lwin’s Facebook

ဟန်ထူးလွင်ဆီမှာ ဆွိချိုနဲ့အိချို လို့ခေါ်တဲ့ သမီးလေး နှစ်ယောက်ရှိပြီး သမီးလေးတွေကိုလည်း အရမ်းချစ်တဲ့သူဖြစ်ပါတယ်။ ဟန်ထူးလွင်နဲ့ သူ့အမျိုးသမီး ဖြစ်သူတို့က ၂၀၁၉ ခုနှစ်ကတည်းက ကွာရှင်းခဲ့တာဖြစ်ပေမယ့် ဟန်ထူးလွင်ကသမီးလေးနှစ်ယောက်နဲ့တော့ အမြဲတမ်းအဆက်အသွယ် လုပ်နေခဲ့တာ ဖြစ်ပါတယ်။ 

Han Htue Lwin’s Facebook
Han Htue Lwin’s Facebook
Han Htue Lwin’s Facebook

ချစ်သမီးလေးတွရဲ့ ပုံရိပ်လေးတွေကို အမြဲတင်ပေးလေ့ရှိတဲ့ အဆိုတော် ဟန်ထူးလွင်က အခုတစ်ခေါက် မှာလည်းစတူဒီယိုကိုအလည်လာတဲ့ ချစ်သမီးလေးအငယ်လေး ဆွိချိုလေးရဲ့ ပုံရိပ်လေး တင်ပေးလာပါတယ်။ ဓာတ်ပုံလေးထဲမှာ အဖေ့စတူဒီယိုမှာ ပျော်ပျော်ကြီး လာအနားယူနေတဲ့ ဆွိချိုလေးကို တွေ့ရမှာပါနော်။ 

Han Htue Lwin’s Facebook

သမီး အငယ်မလေး ဆွိချိုလေးတောင် ဒီလောက်အရွယ်ရောက်လာပြီဆိုတော့ အကြီးမလေး အိချိုဆို တော်တော်တောင် ကြီးနေလောက်ပါပြီနော်။ ? အဖေ့စတူဒီယိုကို အလည်လာတဲ့ ကျားပေါက်သမီးလေး ဆွိချိုလေးရဲ့ဓာတ်ပုံလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။