တောင်ကိုရီးယား မင်းသမီး Song Hye Kyo  နဲ့ Han Ji Min တို့ဟာ အသက် အတူတူလောက်ပဲ ရှိကြပေမယ့် မမျှော်လင့်ထားတဲ့ အသက်ကွာခြားချက် ပုံစံကို ပိုင်ဆိုင်ထားတဲ့ သူတွေ ဖြစ်ပါတယ်။ 

Google
Google

သူတို့နှစ်ဦးက အပြင်မှာ အရမ်းကြီးရင်းနှီးကြတာမဟုတ်ပေမယ့် တူညီလွန်းတဲ့ မျက်နှာပုံစံကို ပိုင်ဆိုင်ထားတဲ့ သူလေးတွေ ဖြစ်ပါတယ်။ Han Ji Min က အသက် ၄၀ နှစ်အရွယ်ရှိပြီဖြစ်ပြီး မမ Song Hye Kyo ကတော့ အသက်၄၁ နှစ်ရှိသွားပြီပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက အသက် ၁ နှစ်ပဲကွာပေမယ့် “All In” ဇာတ်လမ်းတွဲမှာ Song Hye Kyo ရဲ့ ငယ်ဘဝ ဇာတ်ကောင်နေရာကို Han Ji Min  က သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

Google
Google

Song Hye Kyo က ရင့်ကျက်တည်ငြိမ်နေပြီး လူကြီး သရုပ်ဆောင် အဖြစ် သရုပ်ဆောင်နေတဲ့ အချိန်မှာ Han Ji Min  က ငယ်ရွယ်တဲ့ ပုံစံပေါက်ပြီး ကလေးလေးလို ဖြစ်နေပါတယ်။ ဒါကြောင့် Han Ji Min  က Song Hye Kyo ရဲ့ငယ်ဘဝ ဇာတ်ကောင်နေရာကို ရရှိခဲ့တာ ဖြစ်ပါတယ်။ 

Google
Google

အသက် ၁ နှစ်ပဲကွာပေမယ့် Song Hye Kyo  ရဲ့ ကလေး ဇာတ်ကောင်နေရာကို ရရှိပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်Han Ji Min  အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်နော်။ 

Google
Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။