တောင်ကိုရီးယား သရုပ်ဆောင်ကြီး Ma Dong Seok လို့ ပြောလိုက်ရင်နဲ့ကို ဝဝ ဖိုင့်ဖိုင့်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ Ma Dong Seok ကို သေချာပေါက်ပြေးမြင်ကြမှာပါနော်။ 

Google
Google
Google


လူကြမ်းကြီး တစ်ယောက်လိုမျိုး ကြမ်းကြမ်း ရမ်းရမ်း ပုံစံကို ပိုင်ဆိုင်ထားတဲ့ Ma Dong Seok ရဲ့ လူငယ် ဘဝဓာတ်ပုံကတော့ မြင်ရသူတိုင်းကို အံ့ဩတုန်လှုပ်သွားစေပါတယ်။ ထွက်ရှိလာတဲ့ Ma Dong Seok ရဲ့ ငယ်ဘဝဓာတ်ပုံက ၁၆ နှစ်အရွယ်တုန်းက ပုံရိပ်ဖြစ်ပါတယ်။ 

Twitter

Ma Dong Seok ရဲ့ ၁၆ နှစ်အရွယ် ဓာတ်ပုံကို မြင်မြင်ချင်းမှာ ပရိသတ်တွေအားလုံးက အံ့ဩတုန်လှုပ်သွားကြပါတယ်။တုန်လှုပ်သွားရတဲ့ အကြောင်းအရင်း က Ma Dong Seok ရဲ့ ၁၆ နှစ်အရွယ် အထက်ကျောင်းသားဓာတ်ပုံ    က အသက် ၃၀ နှစ်အရွယ်လောက် ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။ Ma Dong Seok က လက်ရှိမှာ ၅၁ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။ 

Google

Ma Dong Seok ရဲ့ အသက် ၁၆ နှစ်အရွယ်ဓာတ်ပုံအောက်မှာ လာရေးထားကြတဲ့ မှတ်ချက်စုစုပေါင်း ၃၀၀ ကျော်ပါတယ်။ အင်တာနက်အသုံးပြုသူတွေက “ဟင် .. ဒါက အထက်တန်းကျောင်းသား အရွယ်လား” ၊ “ငယ်ငယ်လေးကတည်းက body တော်တော်ကောင်းတာပဲ” ၊ “ငယ်ငယ်တုန်းက ဓာတ်ပုံတဲ့လား ၁၆ နှစ်ဆိုတာ မယုံနိုင်စရာပဲ”၊“၂၆ နှစ်ဆိုရင်တောင်ယုံဦးမယ် .. ၁၆ ဆိုတော့ လုံးဝမယုံနိုင်ဘူး” စတဲ့ မှတ်ချက်တွေ အများကြီး ပေးထားကြပါတယ်။

Google

တောင်ကိုရီးယား နာမည်ကျော် သရုပ်ဆောင်ကြီး Ma Dong Seok ရဲ့ အသက် ၁၆ နှစ်အရွယ်ဓာတ်ပုံကိုစိတ်ဝင်စားဖွယ် ဖော်ပြပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။