တောင်ကိုရီးယားမင်းသမီး Nam Bo Ra ဟာဆိုရင် မိသားစုဝင် ၁၅ ယောက်ကို ထောက်ပံ့ပေးဖို့အတွက် ကလေးသရုပ်ဆောင်လေး လုပ်ရင်း ဝင်ငွေရှာ ပေးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ Nam Bo Ra ကို ‘Don’t Cry Mommy’ ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေ စပြီး သိလာခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ Nam Bo Ra  ရဲ့ပီပြင်လွန်းတဲ့ သရုပ်ဆောင် ချက်တွေကြောင့် ကြည့်ရှုတဲ့ ပရိသတ်တွေ ပါ မျက်ရည်ကျခဲ့ရပါတယ်။ 

Google
Google

‘Don’t Cry Mommy’ ဇာတ်လမ်းက Nam Bo Ra ရဲ့ ပထမဦးဆုံး ဇာတ်လမ်းမဟုတ်ပါဘူး။ Nam Bo Ra က သူမမိသားစုဝင် ၁၅ ယောက်ကို ထောက်ပံ့ပေးဖို့အတွက် အသက် ၁၄ နှစ်အရွယ် ၁၅ နှစ်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။ Nam Bo Ra အနုပညာလောကထဲကို ဝင်ရောက်ခဲ့တဲ့ရည်ရွယ်ချက်ကလည်း သူမမိသားစုကို ထောက်ပံ့ပေးချင်တဲ့ ရည်ရွယ်ချက်တစ်ခုတည်းကြောင့် ဖြစ်ပါတယ်။ 

Google

Nam Bo Ra လေးဟာ ကလေးသရုပ်လေးအဖြစ်ရရှိတဲ့ ငွေတွေကို သူမ မောင်နှမတွေ ကျောင်းစရိတ်အတွက် အကုန်လုံး အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ 

Google

ချစ်ဖို့ကောင်းပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့ Nam Bo Ra လေးဟာ နှစ်ပေါင်းများစွာ ကြာတဲ့အထိ သူမအတွက်ကိုဦးစားမပေးခဲ့ဘဲ  မောင်ငယ် ညီမငယ်လေးတွေ ထောက်ပံ့ရင်းနဲ့သာ အလုပ်ရှုပ်နေခဲ့တာလို့ သိရပါတယ်။

Google

အရည်အချင်းတွေ ရှိတဲ့ Nam Bo Ra  တစ်ယောက် အနုပညာလောကထဲကို ရောက်ရှိခဲ့တာ နှစ်ပေါင်း ၁၅ နှစ်ကျော်သွားပေမယ့်လည်း ထင်ထားသလောက်အောင်မြင်မှု မရရှိခဲ့ပါဘူး။ 

Google
Google

လက်ရှိမှာတော့ Nam Bo Ra  လေးက"Today’s Webtoon”  လို့ခေါ်တဲ့  ဇာတ်လမ်းလေးထဲမှာ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ Nam Bo Ra  လေး ပရိသတ်တွေရဲ့ အားပေးမှုတွေ အများကြီး ရရှိပြီး အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ မျှော်လင့်ရင်း အခုအကြောင်းလေးကိုဝေမျှပေးလိုက်ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။