အဆိုတော် PSY ဟာဆိုရင် မကြာသေးမီက ပြုလုပ်ခဲ့တဲ့ 'Summer Swag' လို့ အမည်ရတဲ့ ဖျော်ဖြေပွဲမှာ ပရိသတ်တွေကို ရောဂါပိုး ပျံ့နှံ့စေခဲ့တဲ့ လုပ်ရပ် လုပ်ဆောင်ခဲ့တယ်လို့ဆိုကာ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ခံနေ ရတာဖြစ်ပါတယ်။

Google

PSY က သူ့ရဲ့ ဖျော်ဖြေပွဲမှာသောက်စရာတွေ လုံလုံလောက်လောက် ဖြည့်စည်းပေးထားပြီး ပွဲကို အကြမ်းဆုံး အမိုက်ဆုံး လုပ်သွားမှာ ဖြစ်တယ်လို့ ကြေညာထားတာဖြစ်ပါတယ်။ PSY က ဖျော်ဖြေပွဲကို ဇွန်လ ၁၇ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ပွဲအတွင်းမှာ ရေတွေကိုပါ အသုံးပြုခဲ့တာဖြစ်ပါတယ်။ ရေပတ်သလိုမျိုး စင်မြင့်ပေါ်ကနေ အောက်ခြေကို ရေတွေ ဖြန်းပတ်နေတာကြောင့် ပွဲလာတဲ့ ပရိသတ်တွေရဲ့ Maskတွေ ၊ အဝတ်အစားတွေ မှာ ရေတွေစိုကုန်ပါတယ်။ ဒါကြောင့် တောင်ကိုရီးယားနိုင်ငံရဲ့ Central Disease Control ရုံးချုပ်က ဒီလိုမျိုး ပွဲတွေက ရောဂါပိုးတွေ ကူးစက်ပြန့်နှံ့နိုင်ခြေ ပိုများပြီး Mask တွေ ရေစိုလာရင် ရောဂါပိုးတွေ ပိုပြီး ဝင်နိုင်တာကြောင့် မလုပ်သင့်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် Mask တွေမှာ ချွေးတွေစိုချွဲလာရင် Mask တွေက ချွေးတွေနဲ့ ရေတွေရောပြီး ကိုဗစ်ရောဂါသာမက အခြား ဘတ်တီးရီးယားတွေ ပိုပြီး ပျံ့နှံ့လာနိုင်တယ်လို့လည်း Disease Control ရုံးချုပ်က ဆိုထားပါသေးတယ်။

Google
Google

လက်ရှိမှာ အဆိုပါ ဖျော်ဖြေပွဲကြောင့် PSY တစ်ယောက် တောင်ကိုရီးယား အင်တာနက်ပြုသူတွေရဲ့ ဝေဖန်ချက်တွေ များစွာခံနေရပါတယ်။ မှတ်ချက်တွေထဲမှာလည်း “ရေမသုံးရင် အပြောခံရမှာမဟုတ်ဘူး .. အခုတော့ အပြောခံနေရပြီ ကောင်းတယ်။” ၊ “ကိုဗစ်ကြီးက မပျောက်သေးဘူးနော်” ၊ “PSY က အရမ်းခေါင်းမာတာ … အစိုးရရဲ့ စည်းမျဉ်း စည်းကမ်းတွေကို ဘယ်တော့မှ ဂရုစိုက်တာမဟုတ်ဘူး” စတဲ့ ပြင်းပြင်းထန်ထန်ဝေဖန်တဲ့ မှတ်ချက်တွေ အများကြီး ပေးထားကြတာကို တွေ့ရပါတယ်။

Google
Google
Google

အဆိုတော် PSY ရဲ့ 'Summer Swag 2022' ဖျော်ဖြေပွဲကို နိုင်ငံတစ်ဝှမ်းက မြို့ပေါင်း ၇ မြို့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သြဂုတ် ၂၇ ရက်နေ့မှာ Cheongju မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲကိုတော့ internal reason တွေကြောင့် ဖျက်သိမ်းလိုက်ပြီလို့ သိရပါတယ်။ ဖျော်ဖြေပွဲမှာ ရေသုံးခဲ့မိလို့ တောင်ကိုရီးယား နိုင်ငံမှာ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ခံနေရတဲ့ အဆိုတော် PSY အကြောင်းကို ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။