တေးသံရှင် မာသထူးဝါးလေးဟာ ဆိုရင် ငယ်ငယ်ကတည်းက ဂီတ ပါရမီထူးသူလေး ဖြစ်ပါတယ်။ နားထောင်လိုက်တာနဲ့ အေးချမ်းကောင်းမွန်လွန်းတဲ့ အသံလေးကို ပိုင်ဆိုင်ထားတဲ့ မာသထူးဝါးလေးဟာဆိုရင် လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ မိခင် ဖခင်ရော မရှိတော့တာကြောင့် မာသထူးဝါးလေးက သူမရဲ့ မောင်လေး နှစ်ယောက်ကို အမကြီး အမိရာပီပီ ပြုစုစောင့်ရှောက်မှု ပေးနေတာပဲ ဖြစ်ပါတယ်။

Martha Htoo Wah's Facebook

 မာသထူးဝါးလေးက လက်ရှိမှာ ကိုရီးယားနိုင်ငံမှာ ကျောင်းတတ်နေတာဖြစ်ပါတယ်။ ကိုရီးယား စကားကို မိခင် ဘာသာစကားလိုမျိုး ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တဲ့ မာသထူးဝါးလေးက အခုဆိုရင် ကိုရီးယား မလေး တစ်ယောက်လိုတောင် ဖြစ်နေပြီပဲဖြစ်ပါတယ်။ ကျောင်းဝတ်စုံလေးနဲ့ ကိုရီးယားကလေး သရုပ်ဆောင်လေးလိုမျိုး ဖြစ်နေတဲ့ မာသထူးဝါးလေးကို ပရိသတ်တွေ အားလုံးကလည်း ဝိုင်းပြီးချစ်နေကြပါတယ်။

Martha Htoo Wah's Facebook
Martha Htoo Wah's Facebook

ဓာတ်ပုံလေးတွေထဲမှာ မာသထူးဝါးလေးရဲ့ ချစ်ဖို့ကောင်းတဲ့ ကျောင်းသွားတော့မယ့် ပုံစံလေးကို တွေ့ရပါတယ်နော်။ အမြဲတမ်း ပြုံးနေတဲ့ မာသထူးဝါးလေးက အခု ဓာတ်ပုံလေးထဲမှာတော့ သိပ်ပြီး ရယ်မောနေတာမျိုးမရှိဘဲ ငြိုးငြိုး ငယ်ငယ်လေး ဖြစ်နေပါတယ်။

Martha Htoo Wah's Facebook

ချစ်စရာကောင်းတဲ့ မာသထူးဝါးလေးရဲ့ ကိုရီးယားဆန်ဆန် ဓာတ်ပုံလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။