တေးသံရှင် မာသထူးဝါးလေးဟာဆိုရင် ကောင်းမွန် ပြည့်စုံလွန်းတဲ့ အသံလေးကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပြီး ငယ်စဉ်အခါ ကတည်းက အနုပညာပါရမီပါခဲ့တဲ့ သူလေး ဖြစ်ပါတယ်။ ရုပ်ရည်လေး ချောမောသလို အသံပါရမီလေးလည်းပါတဲ့ မာသထူးဝါးလေးဟာဆိုရင် သူမရဲ့ ဖခင်ကြီး မရှိတော့တဲ့နောက်မှာ သူမရဲ့ မိခင်ကြီး မမိုင် ၊ မောင်လေး နှစ်ယောက်နဲ့အတူ တောင်ကိုရီးယားနိုင်ငံမှာ သွားရောက်နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မကြာသေးမီအချိန်က မိခင်တစ်ယောက်လိုရော ဖခင်တစ်ယောက်လိုပါ အားကိုးပြီးချစ်ခဲ့ရတဲ့ မာသထူးဝါးလေးရဲ့ မိခင်ကြီး မမိုင်ဟာလည်း အသည်းကင်ဆာရောဂါကြောင့် ဆုံးပါးသွားခဲ့ရပါတယ်။ 

Martha Htoowah’s Facebook
Martha Htoowah’s Facebook
Martha Htoowah’s Facebook

ဒါကြောင့် တောင်ကိုရီးယားနိုင်ငံမှာ မာသထူးဝါးလေးက သူမရဲ့ မောင်လေး နှစ်ယောက် ဖြစ်တဲ့ မဲသျူး ၊ မော်ဂန် တို့ကို အမကြီး အမိရာပီပီ ရင့်ကျက်တည်ငြိမ်စွာနဲ့ စောင့်ရှောက်မှုပေးနေတာပဲ ဖြစ်ပါတယ်။ 

Martha Htoowah’s Facebook

ဒီကနေ့မှာတော့ မာသထူးဝါးလေးက လွန်ခဲ့တဲ့ ၃ နှစ်က အဖေများနေ့လေးမှာ မိခင်ကြီး မမိုင်နဲ့ ဖြတ်သန်းခဲ့ရတဲ့အမှတ်တရလေးကို ပြန်လည်ဝေမျှပေးလာခဲ့ပါတယ်။  အရင်နှစ်တွေတုန်းက အဖေများနေ့လေးမှာ ဖခင်လို စောင့်ရှောက်ပေးမယ့် မိခင်ကြီးရှိခဲ့ပေမယ့် အခုနှစ် အဖေများနေ့မှာတော့ ဖခင်လိုစောင့်ရှောက်ပေးမယ့် မိခင်ကြီး မရှိရှာတော့ပါဘူး။

Martha Htoowah’s Facebook

မိဘနှစ်ပါးလုံး လူ့လောကမှာ မရှိရှာတော့တဲ့ မာသထူးဝါးလေးကို ပရိသတ်တွေကလည်း အားမငယ်ရအောင် အပြည့်အဝ အားပေးမှုလေးတွေ လုပ်ပေးလျက်ရှိပါတယ်။ 

Martha Htoowah’s Facebook

အရွယ်နဲ့မလိုက်အောင် တည်ငြိမ်ရင့်ကျက်တဲ့ မာသထူးဝါးလေးတစ်ယောက် အခက်အခဲတွေအားလုံးကိုအောင်မြင်စွာ ကျော်လွှားနိုင်တဲ့ ကမ္ဘာကျော် အဆိုတော်ကြီး ဖြစ်လာဖို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
မာသထူးဝါးလေးရဲ့သီချင်းတွေ ကိုလည်း အရင်ကထက်ပိုပြီး အားပေးကြရအောင်တိုက်တွန်းရင်း အခုအကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ❤️

Martha Htoowah’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။