တောင်ကိုရီးယားမင်းသမီး Suzy ဟာဆိုရင် ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ အကြည်ဓာတ်လေးကို ရရှိပိုင်ဆိုင်ထားတဲ့ သူလေး ဖြစ်ပါတယ်။ Suzy က ၁၉၉၄ ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဖြစ်တာကြောင့် သူမရဲ့အသက်က ၂၇ နှစ်ရှိသွားပြီပဲဖြစ်ပါတယ်။ Suzy က လက်ရှိမှာ dating news ထွက်ထားတာမျိုးမရှိဘဲ တစ်ယောက်တည်း ဘဝကြီးကို ကျော်ဖြတ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ အများကြီး ရရှိထားတဲ့ Bae Suzy ကတော့ မကြာသေးမီက Anna ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ရိုက်ကူးထားပါတယ်။

Google
Google
Google
Google

ဇာတ်လမ်းတွဲ မထွက်ခင်မှာပဲ Bae Suzy ရဲ့ ဇာတ်ဝင်ခန်းပုံရိပ်လေးတွေက ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တတ် လျက်ရှိပါတယ်။အဲဒီထဲမှာ Suzy နဲ့ မင်းသား Kim Jun Han တို့ရဲ့ မင်္ဂလာဆောင် ဇာတ်ဝင်ခန်း ဓာတ်ပုံလေးလည်း အပါအဝင်ပဲ ဖြစ်ပါတယ် ။ ဇာတ်ဝင်ခန်းရဲ့ မင်္ဂလာဓာတ်ပုံလေးထဲမှာ ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Anna နဲ့ Ji Hoon တို့ရဲ့ ဆက်ဆံရေးလေးကို တွေ့ရမှာဖြစ်ပါတယ်။ နှစ်ဦးသားရဲ့ ဆက်ဆံရေးက ကြီးကျယ်ခန်းနားတဲ့ မင်္ဂလာပွဲကြီးကို ကျင်းပနေပေမယ့် ပျော်ရွှင်တာမျိုးမရှိဘဲ ညှိုးငယ်နေကြပါတယ်။

Google
Google

ဇာတ်ဝင်ခန်းလေးရဲ့ ဓာတ်ပုံလေးက စိတ်ဝင်စားဖို့ကောင်းသလို Bae Suzy လေးရဲ့ မင်္ဂလာဆောင်ဓာတ်ပုံလေးကလည်း ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တတ်လျက်ရှိပါတယ်။ ကျက်သရေရှိလှပြီး ဆွဲဆောင်မှု အပြည့်နဲ့ မမ Bae Suzy လေးရဲ့ မင်္ဂလာဆောင်ဓာတ်ပုံလေးကို အားလုံး အတွက် ဝေမျှပေးလိုက်ပါတယ်နော်။

Google
Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။