တောင်ကိုရီးယားမှာ ဖြစ်ပွားခဲ့တဲ့ ခင်ပွန်းဖြစ်သူက အနုပညာရှင်ဇနီးသည်ကို ဓားနဲ့အကြိမ်ပေါင်းများစွာ ထိုးတဲ့ဖြစ်စဉ်က ပဟေဋ္ဌိ ပေါင်းများစွာနဲ့ ပရိသတ်တွေကို မေးခွန်းထုတ်စရာ ကိစ္စကြီးဖြစ်သွားစေပါတယ်။ လူတိုင်းကလည်း ဒီကိစ္စကို စိတ်ဝင်စားနေကြပြီး သူတို့ ချစ်တဲ့ အနုပညာရှင်စုံတွဲဖြစ်မှာကို စိုးရိမ်နေကြပါတယ်။

Google

ဇွန်လ ၁၄ ရက်နေ့မှာ သတင်းဌာနတွေရဲ့ ထုတ်ပြန်ချက်အရ အသက် ၄၀ နှစ်အရွယ် မင်းသမီးကို သူမ အမျိုးသားဖြစ်သူက ဓားနဲ့အကြိမ်ပေါင်းများစွာ ထိုးနှက်ခဲ့ပြီး သေစေဖို့ ကြံရွယ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ အမျိုးသမီးဖြစ်သူကို ဆေးရုံတင်ထားရပြီး အမျိုးသားဖြစ်သူကိုတော့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေရဲ့အဆိုအရ သိရပါတယ်။

Google

အင်တာနက်အသုံးပြုသူတွေကတော့ ပြစ်မှုအကျူးလွန်ခံရတဲ့ မင်းသမီးကို ဘယ်သူများဖြစ်လဲလို့ မှန်းဆချက်တွေ လုပ်နေရင်း တောင်ကိုရီးယား မင်းသမီး Choi Ji Woo လို့ ခန့်မှန်းထားကြပါတယ်။ Choi Ji Woo က  အသက် ၄၇ နှစ်ရှိပြီဖြစ်ပြီး သူမရဲ့ ခင်ပွန်းဖြစ်သူက ၃၉ နှစ်ဖြစ်ပါတယ်။     

Google

အခြားခန့်မှန်းထားကြတဲ့ အနုပညာရှင်တွေကတော့ Jang Yoon J ၊  Choi Ji Yeon နဲ့ Chae Young In တို့ ဖြစ်ပါတယ်။ ထွက်ရှိလာတဲ့ ကောလာဟလ တွေနဲ့ပတ်သက်ပြီး မင်းသမီး Choi Ji Woo က သူမ မဟုတ်ကြောင်း ၊ လက်ရှိမှာ သူမ အဆင်ပြေတဲ့အကြောင်းကို ဓာတ်ပုံလေးနဲ့တကွဖော်ပြပေးလာခဲ့ပါတယ်။

Instagram
Google
Google
Google

ဒါကြောင့် ပရိသတ်တွေရဲ့ သိချင်စိတ်က ပိုပြီးပြင်းထန်လျက်ရှိပြီး ဘယ်သူလဲဆိုတာကို ဆက်လက်ရှာဖွေဖော်ထုတ်နေကြပါတယ်။ သတင်းဌာနတွေရဲ့ အဆိုအရ အဆိုပါမင်းသမီးက နာမည်အရမ်းကြီးတဲ့သူမဟုတ်ပေမယ့် နာမည်ကြားလိုက်တာနဲ့ ပရိသတ်တွေ တန်းသိကြမယ့်သူဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာဆိုရင်တော့ အဆိုပါ မင်းသမီးရဲ့ အချက်အလက်တွေကို ဖုံးကွယ်ထားတုန်းပဲရှိပါသေးတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။