အခုမနက်ပိုင်းမှာ နာမည်ကြီးနေတဲ့ တောင်ကိုရီးယား အနုပညာရှင် လင်မယားရဲ့ အိမ်တွင်း အကြမ်းဖက်မှုမှာ သားသမီးဖြစ်သူကိုယ်တိုင် မျက်မြင်သက်သေ လုပ်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Google

အခင်းဖြစ်ပွားခဲ့တဲ့ မြင်ကွင်းအစုံကို မျက်မြင် သက်သေပြုလုပ်ပေးခဲ့တဲ့သူကတော့ ကျူးလွန်ခဲ့သူရဲ့ ကလေးဖြစ်တယ်လို့ သိရပါတယ်။ မိခင်ဖြစ်သူရဲ့ လည်ပင်းကို ဖခင်က ဓားနဲ့ထိုးခဲ့တာကြောင့် မိခင်ဖြစ်သူကလည်း ပြန်လည်ခုခံရင်း ဖခင်ဖြစ်သူပါ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။ အကြောင်းအရာအစုံကို ကလေးငယ်လေးက တွေ့ရှိခဲ့ပြီး ရဲတွေဆီမှာ မျက်မြင်သက်သေအဖြစ် ထွက်ဆိုပေးခဲ့တာလို့ သိရပါတယ်။

Google
Google

အခုအကြောင်းအရာကို သိရှိပြီတဲ့နောက်မှာ တောင်ကိုရီးယား နိုင်ငံမှာ ခန့်မှန်းမှုတွေ အများကြီးပေါ်ပေါက်နေပါတယ်။ သတင်းဌာနတွေဘက်ကရော ရဲဌာနတွေဘက်ကရော ပြစ်မှုကျူးလွန်ခဲ့သူရဲ့ အချက်အလက် အမှန်ကို ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါဘူး။

Google
Google
Google

လက်ရှိမှာဆိုရင် ဖြစ်စဉ်အသေးစိတ်နဲ့ပတ်သတ်ပြီး ရှာဖွေစုံစမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အမှုမှာ ပါဝင်ခဲ့ကြသူနှစ်ဦးက တောင်ကိုရီးယား နာမည်ကျော် အနုပညာရှင် လင်မယား ဖြစ်တယ်လို့ သိရပြီး ကလေးပါရှိနေကြ တာပဲဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ အနုပညာရှင်အချင်းချင်း လက်ထပ်ယူထားကြတဲ့ စုံတွဲတွေက လက်ချိုးရေလို့ရတဲ့အထိ အရမ်းနည်းတာကြောင့် ပရိသတ်တွေက သူတို့ချစ်ကြတဲ့ အနုပညာရှင်တွေ ဖြစ်ကြမှာကို အများကြီးစိုးရိမ်နေကြပါတယ်။

Source - Kbizoom 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။