အသက် ၃၀ ကျော်အရွယ်တောင်ကိုရီးယားအမျိုးသားဟာ သူ့ရဲ့အမျိုးသမီးဖြစ်သူကို သတ်ရန် ကြိုးပမ်းခဲ့မှုနဲ့ အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ တောင်ကိုရီးယားအမျိုးသားဟာ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဇနီးဖြစ်သူကလည်း နာမည်ကြီး အနုပညာရှင်တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

Google

ဇွန်လ ၁၄ ရက်နေ့မှာ ဆိုလ်း မြို့၊ Yongsan ရဲ့ဌာနက အဆိုပါ အမျိုးသားကို လူသတ်ရန် ကြံစည်မှုနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အမျိုးသားက သူ့ရဲ့ အမျိုးသမီးဖြစ်သူကို ဆိုလ်းမြို့ ၊ Itaewon မှာရှိတဲ့ နေအိမ်မှာ ဓားနဲ့ထိုးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဓားနဲ့အထိုးခံခဲ့ရတဲ့ ဇနီးသည်ဖြစ်သူက လည်ပင်းကို ဓားနဲ့အထိုးခံခဲ့ရတာကြောင့် နီးစပ်ရာ ဆေးရုံသို့အချိန်မီ ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။ ဓားနဲ့အထိုးခံခဲ့ရတဲ့ အမျိုးသမီးက အသက် ၄၀ အရွယ် တောင်ကိုရီးယား နာမည်ကြီး အနုပညာရှင်အမျိုး သမီးဖြစ်ပြီး အဆိုတော် လုပ်ဖူးတဲ့သူလို့ သိရပါတယ်။ အဖွဲ့ပြိုကွဲပြီးနောက်မှာ သရုပ်ဆောင်လောကထဲဝင်ရောက်ခဲ့တဲ့သူဖြစ်ပြီး ရုပ်ရှင်ဇာတ်လမ်းတွဲ တော်တော်များများက ပါဝင်သရုပ်ဆောင်ဖူးတဲ့သူလို့ သိရပါတယ်။

Google
Google

တောင်ကိုရီးယား ရဲဌာနက အခြေအနေကို အလုံးစုံ သိရှိသွားပြီးနောက်မှာ ချက်ချင်းဆိုသလို အမျိုးသားဖြစ်သူကို သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားရာ အကြောင်းအစုံကို သိရှိဖို့အတွက် တောင်ကိုရီးယားရဲဌာနက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲလို့ သိရပါတယ်။

Google

အနုပညာရှင် လင်မယားက ခွဲနေတဲ့သူတွေဖြစ်ကြပြီး အချင်းချင်း ဆက်ဆံရေး အဆင်မပြေကြဘူးလို့လည်း သိရပါတယ်။ တောင်ကိုရီးယား ရဲတပ်ဖွဲ့ဝင်တွေရဲ့ အဆိုအရ ဓားထိုးမှု မဖြစ်ခင်က အမျိုးသားဖြစ်သူက အိမ်ရဲ့ ဧည့်ခန်းမှာ ဓားကိုင်ပြီး ဇနီးဖြစ်သူအလာကိုစောင့်နေခဲ့တယ်လို့ သိရပါတယ်။ အနုပညာရှင် ဇနီးမောင်နှံရဲ့ နာမည်အပြည့်အစုံကို ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးပေမယ့် လူတော်တော်များများရဲ့ စိတ်ဝင်စားမှုကတော်တော်လေး မြင့်တတ်လျက်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။