တောင်ကိုရီးယားမင်းသမီး Lee Si Young ဟာဆိုရင် လက်ဝှေ့သမား ဖြစ်ခဲ့ဖူးတဲ့သူဖြစ်သလို အားကစားအရမ်းလိုက်စားလွန်းတဲ့ သူလေး ဖြစ်ပါတယ်။ Lee Si Young က လက်ရှိမှာ သားလေးတစ်ယောက် ရရှိပိုင်ဆိုင်ထားပေမယ့်လည်း သူမရဲ့ ခန္ဓာကိုယ်က လူတိုင်းအားကျရတဲ့ ခန္ဓာကိုယ်လေး ဖြစ်နေတုန်းပါပဲ။

Instagram
Instagram

ဒီကနေ့ ဇွန်လ ၁၄ ရက်နေ့မှာတော့ တောင်ကိုရီးယား မင်းသမီး Lee Si Young က သူမရဲ့ ခန္ဓာကိုယ်ကြွက်သားတွေကို ထုတ်ပြပြီး သူမ ဘယ်လိုနည်းနဲ့ ကြွက်သားတွေရရှိအောင် ကြိုးပမ်းခဲ့ရလဲဆိုတာကို အခုလို ပြောပြလာခဲ့ပါတယ်။

Instagram

“ကျွန်မရဲ့ ခန္ဓာကိုယ်ပေါင်းစပ်ဖွဲ့စည်းပုံ အချိုးအစားလေးပါ ။ အဆီရာခိုင်နှုန်းက ၁၀ ရာခိုင်နှုန်းအောက်ရောက်နေတာတွေ့ရလို့ အရမ်းပျော်မိပါတယ်။ဒီလို အခြေအနေထိရောက်ဖို့အတွက် အရှုံးပေးချင်လောက်တဲ့အထိ အများကြီး စိတ်ပင်ပန်းခဲ့ပါတယ်။ အခုလို ကြိုးစားခဲ့ရတာနဲ့ကို အများကြီး ဂုဏ်ယူ မိပါတယ်။ နေ့တိုင်း တစ်နေ့ကို နှစ်ကြိမ် တောင်တတ်တာ မဟုတ်ရင် ရေကူးတာ အမြဲလုပ်ခဲ့ရပါတယ်။ နေ့တိုင်း လေ့ကျင့်ခန်းတွေ မနားတမ်း လုပ်ခဲ့ရပါတယ်။ ကောင်းကောင်းစား ကောင်းကောင်း အိပ်လည်း လုပ်ခဲ့ပါတယ်။

Instagram

Lee Si Young ရဲ့ ခန္ဓာကိုယ်အလေးချိန်က  ၅၅.၄ ကီလိုဂရမ်ဖြစ်ပြီး ကြွက်သား ၂၈ ဂရမ် ၊ အဆီ ၅.၂ ဂရမ်နဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ Lee Si Young ရဲ့ ခန္ဓာကိုယ် အချိုးအစားဟာဆိုရင် အများကြီး အံ့သြဖို့ကောင်းပြီး စံပြုစရာကောင်းလှတဲ့ အချိုးအစားတစ်ခုဖြစ်ပါတယ်။

Instagram

မမ Lee Si Young က သူမ သားလေးရဲ့ ဓာတ်ပုံလေးတွေအပြင် လေ့ကျင့်ခန်း လုပ်နေတဲ့ပုံတွေ တောင်တတ်နေတဲ့ပုံတွေကိုပါအမြဲတင်ပေးနေကြ ဖြစ်ပါတယ်။ မမ Lee Si Young ရဲ့ ကြွက်သားတွေကို ကြည့်ရတာတော့ တကယ့် ယောကျာ်းကြီးတစ်ယောက်လို တောင့်တင်းလှပါတယ်နော်။ မိန်းကလေးတစ်ယောက်ပေမယ့် ကျားကျားလျားလျားနဲ့ ချစ်ဖို့ကောင်းလှတဲ့ မမ Lee Si Young ရဲ့ ခန္ဓာကိုယ် အချိုးအစားလေး အကြောင်း ကို ပရိသတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ်။

Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။