သင်ဇာဝင့်ကျော်ဟာဆိုရင် ခန္ဓာကိုယ်ကောက်ကြောင်းလှလှနဲ့ ချစ်စဖွယ် မျက်နှာလေးကို ရရှိပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ မမသင်ဇာဟာ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်လွန်းတဲ့သူဖြစ်သလို အဆိုပိုင်းမှာလည်း ကျွမ်းကျင်ပိုင်နိုင်တဲ့ သူဖြစ်ပါတယ်။ မမသင်ဇာက အရင်ကဆို သူမတစ်ယောက်တည်း လေ့ကျင့်ခန်းလုပ်နေတဲ့ဗီဒီယိုတွေကိုသာ ဝေမျှပေးလေ့ရှိပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ချစ်ရတဲ့မောင်လေးနဲ့ လေ့ကျင့်ခန်းတွေ တွဲလုပ်တဲ့ ဗီဒီယိုလေးတွေကိုပါ တင်ပေးလာတာကို တွေ့ရပါတယ်။

Tinzar Wint Kyaw's Facebook
Tinzar Wint Kyaw's Facebook
Tinzar Wint Kyaw's Facebook

ချစ်ဖို့ကောင်းတဲ့ မမ သင်ဇာတစ်ယောက် မောင်လေးနဲ့အတူူတူ ဘယ်သူမှ လိုက်မလုပ်နိုင်တဲ့လေ့ကျင့်ခန်းတွေ လုပ်နေတဲ့ ဗီဒီယိုလေးကို အောက်မှာ ဝင်ကြည့်လို့ရပါတယ်။

Facebook

ဗီဒီယိုထဲမှာဆိုရင် မမ သင်ဇာက အကွက်အမျိုးမျိုးနဲ့ မောင် လေးနဲ့အတူတူလေ့ကျင့်ခန်းတွေ လုပ်နေတာ ဖြစ်ပါတယ်။ မမသင်ဇာတို့ မနဲ့မောင်စုံတွဲလေးက ရိုးရိုးလေ့ကျင့်ခန်းလုပ်နေတာ ဖြစ်ပေမယ့် ဗီဒီယိုလေးကို မြင်လိုက်ရတဲ့ ပရိသတ်တွေကတော့ ရင်တဖိုဖိုနဲ့ စိတ်ထဲမှာ ကလိကလိ ပါပဲနော်။ အရမ်းချစ်ဖို့ကောင်းပြီး ကြည်နူးဖို့ကောင်းတဲ့ မမသင်ဇာနဲ့ သူမရဲ့ မောင်လေးရဲ့ ဗီဒီယိုလေးကို အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။