အဆိုတော် ရေမွန်ဟာဆိုရင် Idiots အဖွဲ့ရဲ့ အဖွဲ့ဝင် အဆိုတော်တစ်ယောက်ဖြစ်ပြီး ကွယ်လွန်သွားတဲ့အချိန်မှာ အရမ်းငယ်လွန်းတာကြောင့် ပရိသတ်တွေ များစွာ ယူကြုံးမရ နှမြောတသ ဖြစ်ခဲ့ရတဲ့ သူဖြစ်ပါတယ်။ အဆိုတော် ရေမွန်ဟာ ကွယ်လွန်သွားချိန်မှာ အသက် ၃၂ နှစ်အရွယ်သာ ရှိပါသေးတယ် ။ အဆိုတော်ရေမွန်ဟာ အစာအိမ်သွေးကြောပေါက်ပြီး ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

Google

အဆိုတော် ရေမွန်နဲ့ အဆိုတော် လပြည့်ကဗျာတို့ဟာ အဆိုတော်ကြီး အန်တီ ခင်မြတ်မွန်ရဲ့ သားသမီး တွေဖြစ်ကြပါတယ်။ ချစ်ရတဲ့ အစ်ကိုကြီး ကွယ်လွန်သွားခဲ့တဲ့ အချိန်မှာ ညီမ ဖြစ်သူ လပြည့်ကဗျာကလည်း အစ်ကိုကြီးအတွက် ဝမ်းနည်းပူဆွေးနေခဲ့ပါတယ်။ ယမန်နေ့မှာတော့ အဆိုတော်လပြည့်ကဗျာက သူမချစ်ရတဲ့ အစ်ကိုကြီး ကွယ်လွန်သွားခါနီးမှာ နောက်ဆုံး မှာကြားခဲ့တဲ့ စကားလေးကို ပရိသတ်တွေဆီ ဝေမျှပေးလာခဲ့ပါတယ်။

Google
Google

" ပြူးစိန် ငါစိတ်ချမယ်နော်

 မေကြီးနဲ့ ငပိုးကို ဂရုစိုက် "လို့

ခွဲခါနီး သေချာမှာတယ်

နှဖူးလေးကိုနုှတ်ဆက်အနမ်းပေးပီး

သူ့ကို ဖက်ခဲ့ရတာ

နောက်ဆုံးအကြိမ်ဖြစ်မယ်မှန်းမသိခဲ့ဘူး

ဒီလကတော့ အပူလောင်ဆုံး လပါပဲ”

Google
Google

ပြည်သူ့အချစ်တော် အဆိုတော်ရေမွန်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာ ကြွေလွင့်ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ် ။ မကြာခင်အချိန်မှာ ကိုရေမွန်ဆုံးပါးသွားတာ တစ်နှစ်တောင်ပြည့်တော့မှာပဲ ဖြစ်ပါတယ်။ ကွယ်လွန်သွားတာ တစ်နှစ် ပြည့်ခါနီးနေပေမယ့် မိသားစုဝင်တွေနဲ့ ပရိသတ်တွေကတော့ အဆိုတော်ရေမွန်ကို အခုအချိန်အထိ တစ်ရက်မှ မေ့မရဘဲ အမြဲ သတိရနေမိဆဲပဲဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။