ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ ကြော်ငြာလေးတွေဖြစ်တဲ့ ကော်ဖီဆိုဂျာဗား ၊ BAB စတဲ့ ကြော်ငြာလေးတွေထဲမှာ ကလေး သရုပ်ဆောင်လေးအဖြစ် ပါဝင်ခဲ့တဲ့ အိန်အိမ်းကို အားလုံးပဲ သိကြမှာပါနော်။ အိန်အိမ်းဟာဆိုရင် ကလေးဘဝတုန်းက  ဝဝတုတ်တုတ်ပုံစံလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ကလေးလေး တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်တော့ အိန်အိမ်းက အမိုက်စားခန္ဓာကိုယ်ကြီးနဲ့ လူတိုင်း အားကိုးချင်တဲ့ ပျိုမေတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တောင် ဖြစ်နေပါပြီ။

Google
ကော်ဖီဆို ဂျာဗား ကြော်ငြာကြည့်ရန် 

အိန်အိမ်းက အသက် ၁၃ နှစ်အရွယ်မှာ နောက်ဆုံး ကြော်ငြာရိုက်ကူးခဲ့ပြီး အမဖြစ်သူနဲ့အတူ စင်ကာပူမှာ ကျောင်းသွားတတ်ခဲ့တာလို့ သိရပါတယ်။ အသက် ၁၃ နှစ်အရွယ်ကနေ အနုပညာလှုပ်ရှားမှုတွေမှာ စပြီး မတွေ့ရတော့တဲ့ ကလေး သရုပ်ဆောင်လေး အိန်အိမ်းဟာ အခုမှပဲ ပရိသတ်တွေရှေ့ကို ပြန်ရောက်ရှိလာတာဖြစ်ပါတယ်။

Photo Credit to Original Uploader
Photo Credit to Original Uploader
Photo Credit to Original Uploader

အိန်အိမ်းက လက်ရှိမှာ အနုပညာအလုပ်တွေ သိပ်ပြီးမလုပ်ဖြစ်တော့ပေမယ့် Gym Training ကိုတော့ ဆက်ပြီး လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

Photo Credit to Original Uploader

အခုအချိန်ထိ မမေ့သေးတဲ့ ဆက်ပြီး အားပေးနေကြတဲ့ ပရိသတ်ကြီးကိုလည်း အိန်အိမ်းက ကျေးဇူးတင်ကြောင်း ဆိုထားပါသေးတယ်။ ချောမောခန့်ညားလွန်းတဲ့ အမိုက်စား ဘော်ဒီနဲ့ ပရိသတ်တွေရှေ့ကို ပြန်ရောက်လာတဲ့ ကလေး သရုပ်ဆောင်လေး အိန်အိမ်းရဲ့ ပုံရိပ်လေးတွေကို အားလုံးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Photo Credit to Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။