ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာဆိုရင် အနယ်နယ်အရပ်ရပ်က မိဘ၊ အုပ်ထိန်းသူ ဘက်က ကျွေးမွေးပြုစုနိုင်ခြင်း မရှိတော့တဲ့ သားငယ်သမီးငယ်လေးတွေကို ရင်နှင့်သားသမီးများကဲ့သို့ မေတ္တာဓာတ်ပေးကာ စောင့်ရှောက်ပေးနေတဲ့ သူဖြစ်ပါတယ်။

Khine Hnin Wai's Facebook
Khine Hnin Wai's Facebook

အခုဆိုရင် သူမရဲ့ ဂေဟာကို ရောက်ရှိနေတဲ့ ကလေးတွေလည်း တော်တော်များနေပြီပဲ ဖြစ်ပါတယ်။ အစားအသောက်ဆို အစားအသောက် ၊ အဝတ်အစားဆို အဝတ်အစား လိုလေသေးမရှိ အပြည့်အစုံထောက်ပံ့ပေးနေတဲ့ ပရိဟိတမင်းသမီး ခိုင်နှင်းဝေ ရဲ့ ရင်သွေးလေးများဂေဟာ ဟာဆိုရင်လည်း နာမည်ကောင်းနဲ့ကျော်ကြားတဲ့ ဂေဟာတစ်ခု ဖြစ်ပါတယ်။

Khine Hnin Wai's Facebook

ခိုင်နှင်းဝေက သူမရဲ့ သားငယ်သမီးငယ်လေးများရဲ့ ပုံရိပ်လေးတွေ ကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမြဲတင်ပေးလေ့ရှိပါတယ်။ အခုတစ်ခေါက်မှာလည်း မေမေခိုင်နှင်းဝေက သားငယ် သမီးငယ်လေးတွေက သီချင်းပေါင်းစုံ ကကွက်ပေါင်းစုံကို စည်းချက် ညီညီ ကပြီး ပျော်ရွှင်နေတဲ့ ဗီဒီယိုလေးကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလိုက်ပြန်ပါပြီ ။

Khine Hnin Wai's Facebook

မိခင်မေတ္တာ လိုအပ်နေတဲ့ ကလေးငယ်လေးတွေ အခုလို ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမောနဲ့ ကခုန်နေကြတဲ့ ဗီဒီယိုလေး ကြည့်ရတာ စိတ်ထဲမှာ တကယ် ကြည်နူးရပါတယ်နော်။ ပျော်ပျော်ရွှင်ရွှင် ကခုန်နေကြတဲ့ မေမေ ခိုင်နှင်းဝေရဲ့ သားသားမီးမီးလေးတွေ ရဲ့ ဗီဒီယိုလေးကို ပရိသတ်ကြီး အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။