တောင်ကိုရီးယားမင်းသမီး Song Hye Kyo ဟာဆိုရင် ငယ်စဉ်အခါက ခက်ခဲကြမ်းတမ်းလွန်းလှတဲ့ ဘဝကို ရင်ဆိုင်ခဲ့ရသူ ဖြစ်ပါတယ်။ 

Google 

Song Hye Kyo ဟာ ပွဲဦးထွက်ကတည်းက အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားတဲ့သူဖြစ်တာကြောင့် သူမရဲ့ ခက်ခဲလွန်းလှတဲ့ ကလေးဘဝကို လူအနည်းငယ်သာသိကြပါတယ်။ 

Song Hye Kyo ရဲ့မိဘတွေက Song Hye Kyo ငယ်စဉ်ကတည်းက သူမမျက်စိရှေ့တင် ကွာရှင်းခဲ့ကြတာလို့ သိရပါတယ်။ မျက်စိရှေ့မှာတင် အမြဲ ရန်ဖြစ်နေကြတဲ့ မိဘနှစ်ပါးကြောင့် Song Hye Kyo ရဲ့ငယ်စဉ်ဘဝက ဆိုးရွားမှု အပြည့်နဲ့စိတ်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။ 

Google

မိဘနှစ်ပါးစလုံး ကွာရှင်းပြီး ထွက်သွားချိန်မှာ Song Hye Kyo တစ်ယောက်တည်း အဘိုး အဘွားတွေနဲ့ နေထိုင်ခဲ့ရပါသေးတယ်။ နောက်ပိုင်းမှ မိခင်ဖြစ်သူက လာပြန်ခေါ်တာကြောင့် ဆိုလ်းကို ရောက်ရှိသွားခဲ့ရတဲ့ သူဖြစ်ပါတယ်။ 

Google
Google 

ဘဝကို ကြမ်းတမ်းမှုတွေနဲ့ ချည်း ကြုံတွေ့ခဲ့ရ တဲ့ မမ Song Hye Kyo ရဲ့ ငယ်ဘဝ ပုံရိပ်တွေဟာလည်း တစ်ပုံမှအရမ်းကြီး ပျော်ရွှင်မနေတာကို အတိုင်းသားတွေ့ရပါတယ်။ 

Google
Google

စိတ်မကောင်းစရာ ဝမ်းနည်းမှုတွေနဲ့ ပြည့်နေတဲ့ မမဆောင်းဟေကိုရဲ့ ငယ်ဘဝဓာတ်ပုံလေးတွေကို Song Hye Kyo ပရိသတ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။ 

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။