အမေရိကန် Tik Tok ဆယ်လီ တစ်ယောက်ဖြစ်တဲ့ Cooper Noriega ဟာ ဆုံးပါးသွားခဲ့ပြီဖြစ်ကြောင်း မိသားစုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Cooper Noriega ဟာ Tik Tok မှာ ဖက်ရှင်၊ ဟာသနှင့် စကိတ်စီးခြင်း စတဲ့ပို့စ်တွေကြောင့် နာမည်ကြီးလာခဲ့သူတစ်ဦးပါ။ ပြီးခဲ့တဲ့ ဇွန်လ (၉) ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် Burbank ရှိ ကားပါကင်မှာ Cooper Noriega သေဆုံးနေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


Cooper Noriega သေဆုံးချိန်မှာတော့ အသက် ၁၉ နှစ်ပဲ ရှိသေးပြီး အသက်ငယ်ငယ်ရွယ်ရွယ် နဲ့ ရုတ်တရက် သေဆုံးခဲ့တာကြောင့် သူ့ရဲ့မိသားစု နှင့် ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ US သတင်းဌာနရဲ့အဆိုအရ Noriega ရဲ့ သေဆုံးရခြင်းအကြောင်းရင်းကို လက်ရှိအချိန်ထိ မသိရသေးတာကြောင့် ဆေးဘက်ဆိုင်ရာစစ်ဆေးသူများက အမှုအမှန်အမြန်ဆုံးပေါ်ပေါက်အောင် လုပ်ဆောင် နေတယ်လို့ ဆိုပါတယ်။


Noriega မသေဆုံးမီ နာရီပိုင်းအလိုက ၎င်းရဲ့ TikTok ဗီဒီယိုမှာ “ငယ်ငယ်ရွယ်ရွယ်နဲ့ သေမယ်လို့ ဘယ်သူက ထင်မှာလဲ”ဆိုတဲ့ စာတန်းဖြင့် ဗီဒီယိုတစ်ပုဒ် တင်ထားခဲ့ပါတယ်။ သူ့ရဲ့ Tik Tok Follower က ၂.၁ သန်း ထိရှိတယ်လို့ သိရပါတယ်။

သတင်းအရင်းမြစ်: Source - Independent
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။