အနုပညာလောကရဲ့ နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်သလို သူမရဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် ပရိသတ်အားပေးမှုခံရတဲ့ မင်းသမီးကတော့ မိုးပြည့်ပြည့်မောင် ပဲဖြစ်ပါတယ်။ ဟာသ ဒရမ်မာ ဇာတ်ကြမ်း စသဖြင့် ဇာတ်မျိုးစုံ ကာရိုက်တာစုံမှာ သရုပ်ဆောင်နိုင်တဲ့သူမတစ်ယောက် "ပွဲခံမယ်" ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ သိရပါတယ် ပရိသတ်ကြီးရေ။

ဒီ "ပွဲခံမယ်" ဇာတ်ကားကြီးနဲ့ ပတ်သတ်ပြီး မင်းသမီး မိုးပြည့်ပြည့်မောင်ကတော့ သူမရဲ့ ခံစားချက်တွေကို ယခုလို Myanmar Celebrity သို့ ရင်ဖွင့်ထားတာ တွေ့ရပါတယ်။ မင်းသမီး မိုးပြည့်ပြည့်မောင်ကတော့ ဒီဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပေမဲ့ ဇာတ်ကားကြီးထွက်လာတဲ့အခါ သူမမျက်ရည်ကျခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီးတက်လာသမျှ ဓာတ်ပုံ ပိုစတာ ကြော်ငြာတွေမှာ သူမပုံတစ်ပုံမှ ပါဝင်လာခြင်းမရှိသည်အပေါ် ခံပြင်းဒေါသထွက်ပြီး စိတ်မကောင်းလည်းဖြစ်မိတယ်လို့ သူမကဆိုပါတယ်။ 

ဒီဇာတ်ကားကြီးမှာ ပါဝင်ထားတဲ့ သူငယ်ချင်း ထွန်းထွန်း စိတ်မကောင်းဖြစ်မှာဆိုးလို့ သူမ ဘာမှမပြောဘဲနေခဲ့တာဖြစ်ကြောင်းလည်း သူမကထပ်မံပြောဆိုခဲ့ပါတယ်။ ပရိသတ်တွေကတော့ ယခုလို ဝါရင့်ခေါင်းဆောင်မင်းသမီးတစ်လက်ကို ယခုလိုချန်လှပ်ခဲ့မှုအပေါ် ပြစ်တင်မှုချက်တွေလည်း တွေ့မြင်နေရပါတယ်။ 

Fan page မှာလည်း

" ??မိုးပြည့်ချစ်တဲ့၊မိုးပြည့်ကိုချစ်ကြတဲ့ပရိသတ်ကြီးမင်္ဂလာပါရှင့်။???

သူငယ်ချင်းထွန်းထွန်းတစ်ယောက်အရမ်းမျှော်လင့်နေတဲ့ဇာတ်ကားတစ်ကားဖြစ်နေတဲ့အတွက်သူငယ်ချင်းမျက်နှာထောက်ပြီးမြိုသိပ်ခဲ့ရပေမယ့်ဒီနေ့ရှူတင်မှာကြုံကြိုက်လို့မေးရင်းဖြေဖြစ်ခဲ့တာပါ။မိုးပြည့်ကိုအခုထက်ထိလက်ခံအားပေးနေတဲ့ချစ်ပရိသတ်ကြီးအားအထူးကျေးဇူးတင်ရှိပါတယ်။ဒီကိစ္စမှာဘယ်သူလွန်လဲဆိုတာကတော့....။သတိမထားမိလိုက်လို့ပါပြောရအောင်လည်းနှပ်ချေးတွဲလောင်းတွေအိုးပုပ်ချိုးရုပ်ကစားတာမဟုတ်...။တာဝန်ရှိသူတွေနဲ့သာသက်ဆိုင်တာမို့ဘဝတူသူငယ်ချင်းမျာဖြစ်ကြတဲ့ကိုခန့်၊သူငယ်ချင်းထွန်းထွန်း၊ညီမလေးအိချောပိုတို့နှင့်လုံးဝမသက်ဆိုင်တဲ့အတွက်သူတို့ကိုမထိခိုက်မိစေဖို့မိုးပြည့်ကပဲကြားထဲကအနူးအညွှတ်တောင်းပန်အပ်ပါကြောင်း...။ ကျေးဇူးတင်စွာဖြင့်" ဆိုပြီး ရေးတင်ထားပါတယ်။ လက်ရှိမှာတော့ သူမက ရုပ်ရှင်ကုမ္မဏီတစ်ခုစထောင်နေတာဖြစ်ပြီး ရုပ်ရှင်ကားတွေ ရိုက်ကူးထုတ်လုပ်သွားမယ်လို့ သူမကဆိုပါတယ်။

Source: Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။