F4 ချစ်သူ ဇာတ်လမ်းနဲ့ နာမည်ကြီး လူသိများလာတဲ့ တောင်ကိုရီးယား အဆိုတော် သရုပ်ဆောင် Kim Hyun-Joong ကို အားလုံးပဲ သိကြမှာပါနော်။ ဆံပင်အဝါရောင်လေးနဲ့ နတ်သားလေးလို့ လူသိများတဲ့ Kim Hyun-Joong ဟာဆိုရင် သူ့ရဲ့ လက်ရှိဘဝ အခြေအနေအကြောင်းကို မကြာသေးမီအချိန်က သူငယ်ချင်း ဖြစ်သူရဲ့ Youtube Channel က အင်တာဗျူး ဗီဒီယိုမှာအခုလို ပြောလာခဲ့ပါတယ်။

Google

ဗီဒီယိုထဲမှာ Kim Hyun-Joong က သူ့ရဲ့ အချစ်ဦးဖြစ်သူနဲ့ လက်ထပ်ပြီး မင်္ဂလာလက်မှတ် ရေးထိုး ပြီးသွားပြီလို့ ထုတ်ဖော်ပြောကြားထားပါတယ်။ Kim Hyun-Joong နဲ့ သူ့အမျိုးသမီးဖြစ်သူတို့က အထက်တန်းကျောင်း ၇ တန်းမှာ ချစ်ကြိုက်ခဲ့ကြဖူးတဲ့ သူတွေဖြစ်ပြီး တစ်ယောက်အပေါ်တစ်ယောက်လည်း အရမ်းချစ်ကြတယ်လို့ သိရပါတယ်။

Google

Kim Hyun-Joong ဟာ ဆိုရင် ရည်းစားဟောင်း ဖြစ်သူနဲ့ ကြီးမားတဲ့ ပြဿနာတတ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ပျောက်သွားခဲ့ရတဲ့ သူဖြစ်ပါတယ်။ ဒီအကြောင်းကိုလည်း Kim Hyun-Joong က ဒီကိစ္စက သူ့ရဲ့ အမှားတစ်ခုဖြစ်တာကြောင့် အနုပညာလှုပ်ရှားမှုဆီကို ပြန်တတ်လာပြီး ဟာသတွေလုပ်ဖို့ သူ့အတွက် သက်တောင့်သက်သာ မဖြစ်ဘူးလို့ ဆိုပါတယ်။ ပရိသတ်တွေအနေနဲ့ သူ့ကိုပြန်ကြိုဆိုပြီး လက်ခံပေးကြပေမယ့်လည်း Kim Hyun-Joong က အတိတ်က အမှားကြောင့် သူ့ကိုယ်သူ ယုံကြည်မှု မရှိတော့ဘူးလို့ သိရပါတယ်။

Google

အနုပညာလှုပ်ရှားမှုတွေ အားတတ်သရော ပြန်မလုပ်တော့တဲ့ Kim Hyun-Joong ဟာ လက်ရှိမှာ ငယ်ချစ်ဦးလေးနဲ့ သာယာပျော်ရွှင်ဖွယ် အိမ်ထောင်ရေးလေးတစ်ခု တည်ထောင်ထားပြီး ဘဝကို လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေ ပါတယ်။ Kim Hyun-Joong ပြောထားတဲ့ ဗီဒီယို အပြည့် အစုံလေးကို အောက်မှာဝင်ကြည့်လို့ရပါတယ်။

Youtube

Kim Hyun-Joong ဟာ SS501 ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်လမ်းတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

Kim Hyun-Joong က မကြာသေးမီကလည်း သူ့ သူငယ်ချင်းဖြစ်သူ Heo Young-Saeng နဲ့ တွဲပြီး Same Old Story လို့ခေါ်တဲ့ သီချင်းလေးတစ်ပုဒ် ဖန်တီးထားပါသေးတယ်။

Youtube

တောင်ကိုရီးယား မင်းသား Kim Hyun-Joong ရဲ့ လက်ရှိ အကြောင်းလေးကို Kim Hyun-Joong ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်နော် ။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။