တောင်ကိုရီးယားနာမည်ကျော် သရုပ်ဆောင်တွေဖြစ်ကြတဲ့ Son Ye Jin နဲ့ Hyun Bin တို့ ဟာ တောင်ကိုရီးယား အနု ပညာလောကရဲ့နာမည်ကြီး စံပြစုံတွဲတွေထဲက တစ်တွဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကိုပရိသတ်တွေက ချစ်စနိုနဲ့ Binjin စုံတွဲလေးလို့လည်း ခေါ်ကြပါတယ်။ Binjin စုံတွဲရဲ့ အိမ်ထောင်ရေးလေးက အခုအချိန်အထိအခက်အခဲ အတားအဆီး မရှိဘဲ လှပနုပျိုနေတုန်းပဲ ဖြစ်ပါတယ်။ 

Google
Google
Google

မကြာသေးမီက လည်း Son Ye Jin က သူမရဲ့ လူမှု ကွန်ရက် အင်စတာဂရမ် စာမျက်နှာပေါ်မှာ သူမရဲ့အိမ်ထောင်ရေးဘဝအကြောင်းလေးကို ဖော်ပြပေးလာခဲ့ပါတယ်။ မမ Son Ye Jin ဖော်ပြပေးတဲ့ အကြောင်းအရာလေးကတော့ ကိတ်မုန့်လေး တစ်လုံးဖြစ်ပါတယ်။ 

Google

ကိတ်မုန့်လေးပေါ်မှာ ရေးထားတဲ့ စာသားလေးက “Ye Jin လေးပန်းခင်းလမ်းကို လျှောက်လှမ်းရပါစေ”  ဆိုတဲ့ စာသားလေး ဖြစ်ပါတယ်။ ကိတ်မုန့်ပေါ်မှာရေးထားတဲ့ ဆုတောင်း  လေးကို Ye Jin ကလည်း “အင်း .. လျှောက်နေပါတယ်  .. အားလုံးကို လည်း ပန်းခင်းလမ်းလေးကို လျှောက်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်”  ဆိုပြီး Caption လေးနဲ့ ပြန်ဖြေပေးထားပါတယ်။ 

Google

အကြောင်းအရာလေးက ရိုးရှင်းပေမယ့် မမ Son Ye Jin က သူမရဲ့လက်ရှိ ဘဝကို ပန်းခင်းလမ်းလေး ဖြစ်နေတဲ့အကြောင်း ကြွားထားတာဖြစ်ပါတယ်။

Son Ye Jin က သူမရဲ့ခင်ပွန်းဖြစ်သူ Hyun Bin နဲ့ လက်ထက်အပြီးမှာလည်း နာမည်ကြီး အမှတ်တံဆိပ်တွေရဲ့ မော်ဒယ်အဖြစ် ဆက်တိုက် အလုပ်တွေအများကြီး လက်ခံရရှိထားတာ ဖြစ်ပါတယ်။ 

Google

အလုပ်မှာရော အိမ်ထောင်ရေးမှာပါ သာယာချိုမြိန်တဲ့ အခိုက်အတန့်တွေ ရရှိပိုင်ဆိုင်ထားတဲ့ မမ Son Ye Jin ရဲ့ဘဝကတော့ တကယ်ကို ပန်းခင်းလမ်းလေးပဲ ဖြစ်ပါတယ်နော်။ ဘယ်လိုလဲ .. မမ Son Ye Jin ရဲ့ ဘဝကို အားကျနေကြပြီ မဟုတ်လား ပရိသတ်ကြီးရေ.. 

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။