တေးသံရှင် မာသထူးဝါးလေးဟာဆိုရင် ငယ်စဉ်ကတည်းက သီချင်းလေးတွေကို လှပစွာ သီဆိုတတ်တဲ့ သူလေးဖြစ်ပါတယ်။ မာသထူးဝါးလေးတို့ မိသားစုလေးက ထိုင်းနိုင်ငံနယ်စပ်စခန်းမှာနေထိုင်ရင်း ဖခင်ကြီးကွယ်လွန်သွားခဲ့ရတာကြောင့် တောင်ကိုရီးယားနိုင်ငံကို ရောက်သွားခဲ့ကြတာ ဖြစ်ပါတယ်။ 

Our Princess Martha Htoo way fans page

ကိုရီးယားဘာသာစကားကို မိခင်ဘာသာ စကားလိုမျိုး ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တဲ့ အပြင် ကိုရီယားသီချင်းတွေကိုပါ လှလှ ပပသီဆိုနိုင်တဲ့ ကရင်မလေး နော်မာသထူးဝါးကို ကိုရီးယားက ပရိသတ်တွေကလည်းချစ်ခင်ကြပါတယ်။ 

သားသမီးလေးတွေ လိုအပ်တဲ့အရာရာတိုင်းကို ဖြည့်ဆည်းပေးလေ့ရှိတဲ့ မာသထူးဝါးလေးရဲ့ မိခင်ကြီးဟာဆိုရင်လည်း  မကြာသေးမီအချိန်က ဆုံးပါးသွားခဲ့ပြီပဲ ဖြစ်ပါတယ် ။ မိခင်ကြီးရော ဖခင်ကြီးရော လူ့လောကမှာမရှိတော့တဲ့ မာသထူးဝါးလေးဟာ သူမရဲ့ မောင်လေး နှစ်ယောက်ကို အစ်မကြီး အမိရာ ပီပီ ဆက်လက်ပြုစုစောင့်ရှောက်ပေးသွားရတော့မှာ ပဲဖြစ်ပါတယ်။ 

Our Princess Martha Htoo way fans page

ဒီကနေ့မှာတော့ မာသထူးဝါးလေး တစ်ယောက် ကျောင်းဝတ်စုံလှလှလေးဝတ်ပြီး ကိုရီးယား အထက်တန်းကျောင်းတစ်ခုမှာ ကျောင်းတတ်နေတဲ့ ပုံရိပ်လေးတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြန့်နှံ့လာခဲ့ပါတယ်။ ဓာတ်ပုံလေးထဲမှာ သူငယ်ချင်းတွေနဲ့ ရယ်မောနေတဲ့ မာသထူးဝါးလေးကို ချစ်စဖွယ်လေး တွေ့ရမှာပါ။ 

Our Princess Martha Htoo way fans page
Our Princess Martha Htoo way fans page
Our Princess Martha Htoo way fans page
Our Princess Martha Htoo way fans page
Our Princess Martha Htoo way fans page

မာသထူးဝါးလေး တိုင်းတစ်ပါးမှာ အရာရာ အဆင်ပြေပြီး သူမဖြစ်ချင်တဲ့ နာမည်ကျော်အဆိုတော်ကြီး ဖြစ်လာဖို့အတွက် သူမရဲ့ သီချင်းလေးတွေ ကို အရင်ကထက်ပိုပြီး အားပေးကြရအောင်နော်။မြန်မာပြည်ကနေလည်းအားပေးနေပါတယ်။ဆက်ပြီးကြိုးစားပြီ ပြုံးနေပေးပါနော် ဖိုးမူကြီးရေ ..

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။