လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သရက်ကင်လေးတွေရောင်းပြီး စကား အမြန်ပြောပြတတ်တဲ့ ကလေးမလေး ဂျမ်းတော ခေါ် အေးချမ်းမေလေးက ပရိသတ်တွေရဲ့ အချစ်ကို ရရှိပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ ဂျမ်းတောဟာဆိုရင် မောင်နှမ မွေးချင်း ၁၀ ယောက်ကို အရွယ်နဲ့မမျှအောင် သရက်ကင်လေးတွေ ရောင်းပြီး ရှာကျွေးနေသူလေး ဖြစ်ပါတယ်။ 

စည်သူဘီးကျဲ’ Facebook 

ဂျမ်းတောရဲ့ မိခင်ကြီးဟာလည်း ဆုံးပါးသွားပြီ ဖြစ်တာကြောင့် ဂျမ်းတောဟာ အမကြီး အမိရာ ဆိုသလို သူမရဲ့မောင်နှမလေးတွေကို ရှာဖွေ ကျွေးမွေးနေရတာဖြစ်ပါတယ်။ အခုတစ်ခေါက်မှာတော့ မိသားစု ၁၀ယောက်ကိုရှာဖွေကျွေးမွေးနေတဲ့ သရက်ကင်သည်လေး ဂျမ်းတောဟာ သရုပ်ဆောင် ၊ အဆိုတော် စည်သူပလပ်ကျွတ်အကူအညီနဲ့ ခေါင်းရွက်စျေးသည်ဘဝကို ကျော်လွန် ပြီး အွန်လိုင်းစျေးသည်လေး ဖြစ်လို့ လာခဲ့ပါပြီ။ 

စည်သူဘီးကျဲ’ Facebook 
စည်သူဘီးကျဲ’ Facebook 

အလှူရှင်တွေကလည်း ဂျမ်းတောလေးကို ငွေကြေးအထောက်အပံ့တွေသာမက ၊ အဝတ်အထည်ထောက်ပံ့မှုတွေကိုပါ အများကြီး ပေးလာကြတာ တွေ့ရပါတယ်။ စည်သူပလပ်ကျွပ်ကလည်း ဂျမ်းတောလေးကို ခပ်လန်လန်းဖက်ရှင်လေးတွေ ဆင်ပေးနေတာကြောင့် ဂျမ်းတောလေးရဲ့ ဖက်ရှင်တွေက အရင်ကထက်တော့ ပိုပြီး မိမိုက်လာပါတယ်။  

စည်သူဘီးကျဲ’ Facebook 
စည်သူဘီးကျဲ’ Facebook 

သရက်ကင်သည် ဂျမ်းတောမလေးရဲ့ မိမိမိုက်မိုက် အလန်းစား ဖက်ရှင်လေးတွေကို အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်နော်။ 

စည်သူဘီးကျဲ’ Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။