ထုတ်လွှင့်ပြသနေချိန်မှာ အောင်မြင်မှုတွေ အများကြီး ရရှိခဲ့တဲ့ MRTV 4 ဇာတ်လမ်းတွဲတွေထဲက စေတလုံးမောင်ဘုန်းဇာတ်လမ်းတွဲကို အားလုံးပဲ သိကြမှာပါနော်။ စေတလုံးမောင်ဘုန်းဇာတ်လမ်းဟာဆိုရင် ဂမ္ဘီရ ဇာတ်လမ်းတွဲပီပီ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကွက်တွေ အများကြီးပါတာကြောင့် ပရိသတ်တွေ စိတ်ဝင်စားကြတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ 

Google 

စိတ်ဝင်စားဖို့ကောင်းတဲ့ ထူးခြားချက်တွေနဲ့ ပြည့်နေတဲ့ စေတလုံးမောင်ဘုန်း ဇာတ်ကားထဲက ဇာတ်ကောင် မောင်ဘုန်းရဲ့ ဇာတာကို တွက်ပြထားတဲ့ အကြောင်းလေးကို ပညာရှင်တစ်ဦးက အခုလိုလေး ဝေမျှပေးထားပါတယ်။ 

Min Bhone Myat’s Facebook 

“စေတစ်လုံးမောင်ဘုန်းဖြစ်လာဖို့ နက္ခတ်ဇာတာကအစ အမှန်တွေနဲ့ချည်း စခဲ့တာပါ။ ဇာတ်ကောင်ရဲ့ ဘ၀စရိုက်ဖြစ်လာဖို့ မောင်ဘုန်းမွေးဇာတာနက္ခတ်ကိုက အမှန်အကန်စတင်ခဲ့တာပါ။ ဇာတ်ကောင်ဖြစ်စဉ်အတိုင်းဖြစ်လာဖို့နက္ခတ်ကိုညီအောင် တွက်ချက်ရှာဖွေထုတ်ပေးခဲ့တာက မန္တလေးကပါ။ တိုင်းရင်းဆေးသိပ္ပံနဲ့ နက္ခတ်ဗေဒပညာရှင်ပါ။ ဆရာကြီး ဦးဝင်းမြတ်ပါ။

မောင်ဘုန်း ဇာတ်လမ်းတစ်ခုလုံးဟာ ဖြစ်ရပ်မှန်ပေါ် အခြေခံထားသလို သူ့ဘ၀ ဖြတ်သန်းပုံဟာလည်း မွေးဖွားရာနက္ခတ်အရကို မဆန့်ကျင်ထားပါဘူး။

Google 

သူ့အကြောင်းလေး ဗေဒင်တွက်ပြပါ့မယ်နော်။ (ဆရာကြီးသည် ဇာတာသာ ရှာဖွေရေးဆွဲပေးထားပါသည်။ အဟောနှင့် ဇာတာခွင် သုံးသပ်ချက်သည် ကျတော့်ဟောပြောချက်ဖြစ်၍ ပညာပိုင်းလိုအပ်ချက်မှာ ကျတော်ညံ့ဖျင်းသောကြောင့်သာတည်း၊ ဆရာကြီးနှင့် မသက်ဆိုင်ပါခင်ဗျာ) ဇာတ်လမ်းထဲက စေတစ်လုံးမောင်ဘုန်းဇာတ်ကောင်ရဲ့ဇာတာပါဗျ။ အလွယ်ဆုံးလေးတွေပဲ ပြောပြတာပါနော်။

လဂ်ကနေ ၆တန့်မှာ ကြာသပတေးဂြိုဟ်ရှိနေပြီး ကသစ်လည်းဖြစ်တယ်။

ဒီတော့ မသွက်လက်ဘူး၊ အေးဆေးတယ်၊ ရန်သူပေါများတယ်၊ ပယောဂပညာမှာ ကျွမ်းကျင်တယ်၊ ဂါထာမန္တယားအတတ်၊ မှော်အတတ်၊ အထက်လမ်းအတတ်တွေ တတ်မြောက်ကျွမ်းကျင်လွယ်တယ်။

ဥစ်ဂြိုလ် အင်္ဂါက လဂ်ကိုမြင်ထားပြီး ၇ တန့်မှာလည်းနေတော့ အများအကျိုးအတွက်နဲ့ အသက်ရှင်လုပ်ကိုင်နေရသူမျိုး၊  ကြီးလာလေ ပညာရင့်သန် အသိဉာဏ်ပညာထက်သူမျိုး။

၆တန့်မှာ သောကြာဂြိုဟ်ရှိလို့ မိန်းကလေးတွေရဲ့ ချစ်ခင်မှု မေတ္တာထားမှုတွေ ရရှိမယ်၊ စိတ်ခံစားရတာ ထိခိုက်ရတာများမယ်၊ အိမ်ထောင်ရေးကိုနာကျည်း စိတ်ကုန်တတ်သူမျိုးဖြစ်မယ်။

ကိတ်ဂြိုလ်ဟာ ၅ တန့်မှာရှိလို့ စုန်းပယောဂ၊ မြေဘုတ် ပရလောကသားတွေနဲ့ အမြဲရင်ဆိုင်နေရတတ်သူမျိုး။

Google 

၄ တန့်မှာ တနင်္ဂနွေကနေလေတော့ အမြဲအိမ်ဝေး မိသားစုဝေး နယ်ဝေးနေရသူမျိုးသာဖြစ်နေရတတ်တယ်။

လောကီဂြိုလ် စနေက သူ့ရဲ့ လဂ်ကနေ ၁၀ တန့်မှာမြင်လေတဲ့အပြင် ဥစ်ဂြိုဟ်အမြင်လည်းဖြစ်တော့ ဘ၀မှာ အမြဲပြောင်းလဲမှု မထင်မှတ်တာတွေသာကြုံရလေတယ်ဗျ။

မောင်ဘုန်းကို စွံလှတယ်မထင်ပါနဲ့ဗျာ၊ သူ့ဇာတာအရပါ။

၆ တန့်မှာ သောကြာဂြိုဟ်ရှိနေပြီး ဓနုရာသီလည်းကျ တေဇောဓာတ်လည်းဖြစ် ပြုဗ္ဗဘဒြပိုဒ် နက္ခလည်း ဖြစ်နေတော့ ကောင်မလေးတွေ မြင်သူတိုင်းချစ်ခင်ရတာပါဗျာ။ တစ်အိမ်ထဲမှာ သောမ ၂ခု ကြာသပတေးနဲ့ သောကြာတွဲကျတာကလည်း သူ့ဆီလာတဲ့အချစ်တွေဖွံ့ဖြိုးနေလေရောလားမသိ။

ဒါကအကျဉ်းလေးတွက်ပြတာပါ။ ကြည့်ခဲ့တဲ့ ဇာတ်ကောင်လေးနဲ့ ကိုက်မနေဘူးလားဗျ။ ဒီလိုပဲ အခြားဇာတ်ကောင်တွေဖြစ်တဲ့ တစ်ဇာတာထဲပေမယ့် အချိန်လေးနည်းနည်းနဲ့ ဇာတာကွဲလွဲသွားတဲ့ မာဃ လည်း သူ့ဇာတာအတိုင်းသာ ဇာတ်ကောင်စရိုက်ဖြစ်လာရတာပါလို့။

အခြားဇာတ်ကောင်တွေကိုလည်း နာမက္ခရ၊ ဆန်း၊ အာယုစန်း၊ သရောဒယ၊ နက္ခတ် ပိုင်းတွေကအစ သေချာလေးစရိုက် လက္ခဏာတွေကို ပြင်ဆင် ဇာတ်အိမ်ဖွဲ့ခဲ့တာပါ။

စေတစ်လုံးမောင်ဘုန်းအဖြစ် နာမည်မှာလည်း ပက္ခမိတာလေးကအစ လူသားအရမ်းဆန်အောင် မွေးထုတ်ပေးခဲ့တာမို့ season 2 မှာလည်း လုံး၀အရသာမပျက်စေရပါဘူးလို့ ကနဦး ကတိလေးသာပြုရင်း

မောင်ဘုန်း ချစ်သူများကို အလွမ်းပြေ ဇာတာလေးနဲ့ပါလို့ လာကြွားရပါလေချင်း

Season 2 အတွက်နေ့အိပ် ညမနား(မီးက ညပဲလာလို့လေ) စာအုပ်ပုံတွေထဲ ခေါင်းထိုးတာကတစ်မျိုး၊ ဆရာတွေဆီနည်းနာယူ ပညာလိုက်သင်ယူ မေးနေရတာကတစ်ဖုံနဲ့ ပရိသတ်ကြီး အချစ်မရော့အောင် အားထုတ်နေပါတယ်လို့။

သန်းထိုက်(ရွှေရိပ်)”

Google 

ဖော်ပြချက်တွေထဲမှာ မောင်ဘုန်းရဲ့ ဇာတာကို စိတ်ဝင်စားဖွယ် တွေ့ရတဲ့အပြင် စေတလုံးမောင်ဘုန်း ဇာတ်လမ်းအတွဲ ၂ ထွက်မယ့် အကြောင်းကိုပါထည့်သွင်းဖော်ပြပေးထားတာကို တွေ့ရပါတယ်နော်။ ဒီအတိုင်းဆိုရင်တော့ မကြာခင်မှာ Season 2 ထွက်လာတော့မယ့် အရိပ်အယောင်ရှိတာကြောင့် စေလုံး မောင်ဘုန်း ပရိသတ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။