လီမင်ဟိုလို့ပြောလိုက်ရင်နဲ့ကို မျက်နှာဖြောင့်ဖြောင့်နဲ့ ခပ်မိုက်မိုက်ပုံစံ မင်းသားလေး လီမင်ဟိုကို သေချာပေါက်ပြေးမြင်ကြမှာပါနော်။ လီမင်ဟိုဟာဆိုရင် သရုပ်ဆောင် ပိုင်နိုင်လွန်းတဲ့အပြင် ခန္ဓာကိုယ်အချိုးအစားပါ လှပလွန်းတဲ့ သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပးမှုကို အပြည့်အဝ ပိုင်ဆိုင်ထားတဲ့ သူဖြစ်ပါတယ်။ လီမင်ဟိုရဲ့အသက်ကလက်ရှိမှာ ၃၅ နှစ်ရှိနေပြီပဲ ဖြစ်ပါတယ်။ 

Google
Google

လီမင်ဟိုဟာ ဆိုရင် နာမည်ကြီး မင်းသားတစ်လတ် မဖြစ်ခင်အချိန်က အရမ်းကြီးမားတဲ့ အိမ်မက်တစ်ခုကိုပိုင်ဆိုင်ထားတဲ့ သူဖြစ်ပါတယ်။ လီမင်ဟိုရဲ့ အိမ်မက်ကတော့ ဘောလုံးသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ဘောလုံးသမားတစ်ယောက် ဖြစ်လာဖို့ အိမ်မက်ရှိခဲ့တဲ့ လီမင်ဟိုဟာဆိုရင် အထက်တန်းကျောင်းတတ်တုန်းက လူငယ်လက်ရွေးစင်အသင်းမှာ ယှဉ်ပြိုင်ဖို့အထိ အရွေးချယ် ခံခဲ့ရတဲ့ သူဖြစ်ပါတယ်။ ဒါပေမယ့်လည်းလည်း မတော်တဆမှု တစ်ခုကြောင့် လီမင်ဟိုရဲ့ ဘောလုံးသမား ဖြစ်ချင်တဲ့ အိမ်မက် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ 

Google
Google

လီမင်ဟိုဟာ သူဖြစ်ချင်တဲ့ ဘောလုံးသမား အိမ်မက်ကို ဆုံးရှုံးပြီးခဲ့တဲ့နောက်မှာ အနုပညာလောကထဲကို ရောက်ရှိလာခဲ့ပြီး အောင်မြင်ကျော်ကြားတဲ့ နာမည်ကြီး မင်းသားတစ်လတ် ဖြစ်လာခဲ့ပါတယ်။ 

Google

ကြီးမားတဲ့ အိမ်မက်ကို ဆုံးရှုံးခဲ့ရပေမယ့် plan B အနေနဲ့ အနုပညာလောကမှာ အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ တောင်ကိုရီးယားမင်းသားလီမင်ဟိုရဲ့ အကြောင်းကို စိတ်ဝင်စားဖွယ် ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။