တောင်ကိုရီးယား မင်းသမီး Kang So-ra ဟာဆိုရင် မကြာသေးမီက ရင်သွေးလေး မွေးပြီးနောက်မှာသူမရဲ့ လက်ရှိအခြေအနေကို ချပြလာခဲ့ပါတယ်။ 

Google
Google
Google

တောင်ကိုရီးယား မင်းသမီး Kang So-ra က၂၀၂၀ ခုနှစ် ၊ ဩဂုတ်လတုန်းကသူမ ချစ်ရတဲ့ ဆရာဝန်လေးနဲ့ လက်ထပ်ထားတာဖြစ်ပါတယ်။ Kang So-ra ရဲ့ ခင်ပွန်းက Kang So-ra ထက် ၈ နှစ်ကြီးတဲ့ အရှေ့တိုင်း ဆရာဝန်တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ 

Google

Kang So-ra နဲ့ သူမခင်ပွန်းတို့က ၂၀၂၀ ခုနှစ်မှာ လက်ထပ်ခဲ့ ကြပေမယ့် မင်္ဂလာပွဲကိုတော့ ကိုဗစ်ရောဂါကြောင့် မကျင်းပဖြစ်ခဲ့ကြဘူးလို့ သိရပါတယ်။ ဒါကြောင့် သူတို့နှစ်ဦး လက်ထပ်တာကို ဘယ်သူမှ သိပ်ပြီး မသိလိုက်ကြပါဘူး။ 

Google

Kang So-ra တစ်ယောက် ကလေးမွေးတော့မှသာ သူမလက်ထပ်ပြီးသွားပြီဆိုတာကို  ပရိသတ်တွေက သိခဲ့ကြတာဖြစ်ပါတယ်။ 

Google

ရင်သွေးလေးမွေးဖွား ပြီးနောက်မှာတော့ Kang So-ra ဟာ  အနုပညာလှုပ်ရှားမှုတွေပြန်လည်ပြီး လုပ်ဆောင်သွားမယ်လို့ သိရှိရပါတယ်။ 

Google

ခင်ပွန်းဖြစ်သူနဲ့လူမသိ လျို့ဝှက်စွာ လက်ထပ်ပြီး  ရင်သွေးလေးတစ်ယောက် ရရှိပိုင်ဆိုင်ထားပြီဖြစ်တဲ့ တောင်ကိုရီးယား မင်းသမီး Kang So-ra  ရဲ့ အကြောင်းလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။