တောင်ကိုရီးယားမင်းသမီး Seo Hyun Jin ဟာဆိုရင် လက်ရှိမှာ “Why Her?” ဇာတ်လမ်း တွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သူဖြစ်ပါတယ်။ Why Her? ဇာတ်လမ်းမှာ မင်းသမီး Seo Hyun Jin က သူမထက် အသက်ငယ်တဲ့ မင်းသား Hwang In Yeop နဲ့ တွဲပြီး သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ တွဲတဲ့ မင်းသားလေးက အသက်အရမ်းကွာနေတာကြောင့် မလိုက်ဖက်တဲ့ မင်းသားလေးနဲ့ တွဲပြီး သရုပ်ဆောင်ရဲတယ်ဆိုပြီး Seo Hyun Jin ကို ပရိသတ်တွေက ဝေဖန်ထားကြပါတယ်။
မမ Seo Hyun Jin ကိုယ်တိုင်လည်း Hwang In Yeop ထက် အသက်ကြီးတာကြောင့် သူမအနေနဲ့ တွဲပြီး သရုပ်ဆောင်ဖို့ကို လိုက်ဖက်မဖက် သေချာလေး တွေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဇာတ်ညွှန်းကိုက လိုက်ဖက်မှုရှိနေတာကြောင့် Seo Hyun Jin က လက်ခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သရုပ်ဆောင်ချက်တွေက ကောင်းမွန်မိမိုက်လွန်းပေမယ့်လည်း Seo Hyun Jin နဲ့ Hwang In Yeop ရဲ့ အသက် ကွာဟလွန်းတဲ့ ‘chemistry’ က ပရိသတ်တွေကို ဝေဖန်မှု များသွားစေခဲ့ပါတယ်။ ပရိသတ်တွေက “မင်းသမီး Seo Hyun Jin က Hwang In Yeop ထက်ပိုပြီး အသက်ကြီးနေလို့ ကြည့်ရတာ မလိုက်ဖက်ဘူး” ၊ “မင်းသမီးက အသက်ကြီးလိုက်တာ ကောင်လေးက ငယ်ငယ်လေး” စတဲ့ မှတ်ချက်တွေ အများကြီးပေးထားကြပါတယ်။
တကယ်တမ်းမှာလည်း ပရိသတ်တွေတွေးကြသလိုပဲ Hwang In Yeop ကို မမ Seo Hyun Jin တွေ့တဲ့ အချိန်မှာ အဲဒီလို ခံစားချက်တွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သူမထက် အသက်ငယ်တဲ့ ကောင်လေးနဲ့ တွဲပြီး အချစ်ဇာတ်လမ်းတွဲ ရိုက်ရမှာကြောင့် ကြည့်သူတွေကြားမှာ ဟာသ ဖြစ်သွားမှာလည်း ဆိုးတယ်လို့ Seo Hyun Jin က ဆိုထားခဲ့ပါတယ်။
Hwang In Yeop ဟာဆိုရင် ၁၉၉၁ ခုနှစ် မှာမွေးဖွားခဲ့ပြီး အသက် ၃၁ နှစ်အရွယ်ဖြစ်ပါတယ်။ မမ Seo Hyun Jin ကတော့ ၁၉၉၅ ခုနှစ်မွေးဖွားခဲ့ပြီး အသက် ၃၇ နှစ်အရွယ် ဖြစ်ပါတယ်။သူတို့ှနှစ်ဦးရဲ့ အသက် ကွာဟချက်က ၆ နှစ်ဖြစ်ပါတယ်။ Hwang In Yeop ကတော့ သူရဲ့ စီနီယာမမနဲ့ တွဲပြီး သရုပ်ဆောင်ရတာကြောင့် ရင်တွေခုန်ပြီး စိတ်လှုပ်ရှားမိတယ်လို့ ဆိုပါတယ်။
Seo Hyun Jin ကို ကြည့်လိုက်တိုင်းမှာ ရင်တွေခုန်ရလွန်းလို့ အရမ်းရှက်ပြီး သရုပ်ဆောင်တဲ့ အချိန်တွေမှာလည်း မျက်လုံးကို စေ့စေ့မကြည့်နိုင်ဘူးလို့ Hwang In Yeop ကဆိုပါတယ်။ ကာယကံရှင်သရုပ်ဆောင်တွေက အဆင်ပြေပေမယ့်လည်း ပရိသတ်တွေက ‘Why Her?’ ဇာတ်လမ်းမှာ သူတို့နှစ်ယောက်ရဲ့ ဇာတ်ရုပ်က မလိုက်ဖက်ဘဲ တစ်ဖက်သတ် ဆန်လွန်းတယ်လို့ ပြောထားကြပါတယ်။ ပရိသတ်ကြီးရော ဘယ်လိုထင်ကြလဲ .. တစ်ခုခုပြောပေးခဲ့ကြပါဦးနော်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။