တောင်ကိုရီးယားမင်းသမီး Jung Da Bin ဟာဆိုရင် လွန်ခဲ့တဲ့ ၁၅ နှစ်က ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်ခဲ့တဲ့ သူဖြစ်ပါတယ်။ Jung Da Bin မိဘတွေရဲ့ အဆိုအရ မင်းသမီး Jung Da Bin ဟာ ၂၀၀၂ ခုနှစ်မှာ ဆုံးပါးသွားခဲ့တာကြောင့် သူမကို တမလွန်မှာတစ်ယောက်တည်း မဖြစ်စေဖို့ ဝိညာဉ်နဲ့ လက်ထပ်ပေးခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယား မင်းသမီး Jung Da Bin ဟာ ၂၀၀၇ ခုနှစ်မှာ အကြောင်းပြချက် ရေရေရာရာ မရှိဘဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တာဖြစ်ပါတယ်။

Google
Google

ဝိညာဉ်ခြင်း လက်ထပ်တဲ့ ပွဲကို Jung Da Bin ရဲ့ မိခင်က ဝိညာဉ်နှစ်ခု နောက်ဘဝမှာ ပြန်လည် ဆုံစည်းနိုင်စေဖို့အတွက် ရည်ရွယ်ချက်နဲ့ လက်ထပ်ပေးခဲ့ တာဖြစ်တယ်လို့ ဆိုထားပါတယ်။ Jung Da Bin ရဲ့ ဝိညာဉ် ခင်ပွန်းဖြစ်သူဟာ ၁၉၇၅ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ အမည်မသိတဲ့ အကြောင်းအရာတစ်ခုနဲ့ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ သူက Daegu က ကောလိပ်တစ်ခုမှာ တတ်ခဲ့ပြီး ထက်မြတ် တဲ့သူအဖြစ် လူသိများတဲ့ သူဖြစ်ပါတယ်။ Jung Da Bin ရဲ့ မိခင်ရဲ့ အဆိုအရ သူမရဲ့ သားမတ်ဖြစ်သူရဲ့ နာမည်ဟာ Moon Jae Sung လို့ သိရပြီး သူမရဲ့ သမီးလေးကို အရမ်းချစ်တတ်တဲ့သူလို့ ဆိုပါတယ်။ သူတို့နှစ်ဦးက အချင်းချင်းမသိကြပေမယ့် နှစ်ဦးစလုံးရဲ့ ကံကြမ္မာက လက်မထပ်ဘဲ ကမ္ဘာကြီးကနေ ထွက်ခွါသွားခဲ့ရတာကြောင့် သူတို့ နှစ်ဦးကို လက်ထပ်ပေးခဲ့တာလို့ Jung Da Bin က ဆိုပါတယ်။

Google
Google

Jung Da Bin ရဲ့ အစ်ကိုဖြစ်သူကလည်း ညီမဖြစ်သူ ကိုအခုလို လက်ထပ်ပေးရတာ ဂုဏ်ယူမိကြောင်း ၊ သူတို့နောက်ဘဝမှာ ပျော်ရွှင်စွာနေထိုင်သွားဖို့ကိုလည်းမျှော်လင့်ကြောင်း ဒါက သူတို့နှစ်ယောက်အတွက် တကယ့်အစစ်အမှန် လက်ထပ်ပွဲ မဟုတ်ပေမယ့် တကယ့် အစစ်လိုမျိုး ခံစားစေမယ့် လက်ထပ်ပွဲဖြစ်ကြောင်း ဆိုပါတယ်။

Google
Google

ဝိညာဉ်နှစ်ဦးရဲ့ လက်ထပ်ပွဲကို ၂၀၁၁ ခုနှစ် မေလ ၂၂ ရက်နေ့က ကျင်းပပြုလုပ်ပေးခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးစလုံးကို  Ansung မှာရှိတဲ့ Utopia Memorial မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဝိညာဉ်နှစ်ဦး တမလွန်မှာ ပြန်ဆုံကြပြီး ပျော်ရွှင်စွာနဲ့ အနားယူနိုင်ဖို့အတွက် ဆုတောင်းပေးလိုက်ပါနော်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။