ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာဆိုရင် ရင်သွေးလေးများ ပရဟိတ ဂေဟာလေးဆောက်ပြီး အနယ်နယ် အရပ်ရပ်က သားငယ် သမီးငယ် လေးတွေကို စောင့်ရှောက်ပေးနေတဲ့ သူဖြစ်ပါတယ်။ မိဘဘက်က စောင့်ရှောက်မှု မပေးနိုင်တော့ရင် ဖြစ်ဖြစ် ၊ မိဘ ဆုံးပါးသွားလို့ ဖြစ်ဖြစ် အခက်အခဲ အမျိုးမျိုးကြောင့် ဆက်လက်ပြီး တာဝန်ယူ မပေးနိုင်တော့တဲ့ ကလေးငယ်လေးများကို တာဝန်ယူစောင့်ရှောက်ပေးနေတဲ့ ခိုင်နှင်းဝေဟာ သူမရဲ့ သားသမီးလေးတွေရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အမြဲ တင်ပေးနေကြဖြစ်ပါတယ်။

Khine Hnin Wai’s Facebook 
Khine Hnin Wai’s Facebook 
Khine Hnin Wai’s Facebook 

အခုတစ်ခေါက်မှာလည်း ခိုင်နှင်းဝေက သူမရဲ့ သားငယ် သမီးငယ်လေးတွေ လူကြီးလေးတွေလိုမျိုး ခပ်မိုက်မိုက်ကနေတဲ့ ဗီဒီယိုဖိုင်လေး ဝေမျှပေးလာခဲ့ပါတယ်။ 

Khine Hnin Wai’s Facebook 

ဗီဒီယိုလေးထဲမှာ ကိုအားကြီးလေး နဲ့ သူ့သူငယ်ချင်းတွေ အထာကျကျကနေကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ တစ်ယောက်ကို ပုံစံတစ်မျိုးစီနဲ့ အထာကျကျ ကနေတဲ့ သားငယ်သမီးငယ်လေးတွေထဲမှာ အသွက်ဆုံးနဲ့ အလန်းဆုံးကတော့ အာကြီးလေးပဲ ဖြစ်ပါတယ်။

Khine Hnin Wai’s Facebook 

 ချစ်ဖို့ ကောင်းတဲ့ မေမေခိုင်နှင်းဝေရဲ့ သားသားမီးမီးလေးတွေရဲ့ အကအလှဗီဒီယိုလေးကို အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။