တောင်ကိုရီးယားမင်းသား Yoon Kye Sang ဟာဆိုရင် သူ့ရဲ့ ချစ်ရသူလေးနဲ့ ဒီကနေ့ ဇွန်လ ၉ ရက်နေ့ မှာ ခမ်းနားတဲ့ မင်္ဂလာပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ်ကာလကြောင့် မင်္ဂလာပွဲ ကြီးကြီး မလုပ်နိုင်ခဲ့ပေမယ့်Yoon Kye Sang တစ်ယောက်  ဇနီးဖြစ်သူနဲ့ မင်္ဂလာလက်မှတ်ရေးထိုးခဲ့တာ ၂၀၂၁ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ 

Google
Google

Yoon Kye Sang ရဲ့အမျိုးသမီးက သူနဲ့ ၅ နှစ်တာ ခင်မင်ခဲ့တဲ့ ဂျူနီယာတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။သူမက အလှကုန်ပစ္စည်း ပိုင်ရှင် တစ်ယောက်ဖြစ်ပြီး လျို့ဝှက်စွာနေထိုင်တတ်တာကြောင့် Yoon Kye Sang ကသူ့ရဲ့ မင်္ဂလာပွဲဓာတ်ပုံတွေကို တစ်ပုံ မှ ထုတ်မပြထားပါဘူး။ တောင်ကိုရီးယား သရုပ်ဆောင် ၊ အဆိုတော် Yoon Kye Sang ရဲ့ မင်္ဂလာပွဲကို ဆိုလ်းမြို့က Shilla Hotel မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

Google
Google

တောင်ကိုရီးယား သရုပ်ဆောင် အဆိုတော် Yoon Kye Sang က g.o.d အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး လက်ရှိမှာ “Kiss Sixth Sense” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်္ဂလာပွဲအတွက် ဂုဏ်ယူပါတယ်နော် အားဂျူးရှီးရေ ..

Google
Google
ဒီကနေ့မှာ ချစ်ရသူလေးနဲ့ ခန်းနားတဲ့ မင်္ဂလာပွဲကျင်းပခဲ့ပြီဖြစ်တဲ့ တောင်ကိုရီးယားမင်းသား Yoon Kye Sang 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။