တောင်ကိုရီးယားမင်းသမီး Park Shin Hye ဟာဆိုရင် ချစ်ဖို့ကောင်းပြီး အေးစက်တည်ငြိမ်တဲ့ အလှတရားလေးနဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်တဲ့ သူလေး ဖြစ်ပါတယ်။ ဇာတ်ကား တစ်ကားဆိုတစ်ကား ပေါက်အောင် ထိထိမိမိရိုက်ကူးနိုင်တဲ့ Park Shin Hye ဟာဆိုရင် နာမည်ပျက်မရှိ တစ်ဟုန်ထိုး အောင်မြင်တဲ့ မင်းသမီး တစ်လတ်ဖြစ်ပါတယ်။

Google
Google

တောင်ကိုရီးယား နိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့ Park Shin Hye ဟာ မင်းသား Choi Tae Joon နဲ့ လက်ထပ်ပြီး မကြာသေးမီက သားဦးလေး တစ်ယောက် မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ Park Shin Hye သားဦးလေး မွေးပြီးတဲ့အချိန်မှာလည်း သူမကို ချစ်တဲ့ အနုပညာရှင်တွေက Park Shin Hye ဆီကို လက်ဆောင်လေးတွေ ပို့ပေးခဲ့ကြတယ်လို့ ကလေး မွေးဖွားစဉ်က ရှိခဲ့တဲ့ သူနာပြုရဲ့ အဆိုအရ သိရှိရပါတယ်။

Google

လက်ဆောင်လေးတွေ ပို့ပေးတဲ့ အထဲမှာ Park Shin Hye ရဲ့ အရင်ရည်းစားဟောင်းဆိုပြီး နာမည်ကြီးတဲ့ Lee Min Hoo လည်း အပါအဝင်ပဲဖြစ်တယ်လို့ သိရပါတယ်။ Lee Min Ho က Park Shin Hye အတွက် မိခင်ရော ကလေးပါ အားရှိစေဖို့ ဗီတာမင်ဆေးလုံးလေးတွေနဲ့ လတ်ဆက်တဲ့ သစ်သီးခြင်းလေးကို မေမေနဲ့သားလေးအတွက် ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

Lee Min Ho sent a special gift to Park Shin Hye after she gave birth to her first son.

Park Shin Hye နဲ့ ရင်းနှီးတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ အဆိုတော် Lee Hong Ki ကလည်း Park Shin Hye ရဲ့ သားဦးလေးအတွက် ရွှေလက်ကောက်ကလေး လက်ဆောင်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။ Lee Hong Ki ပို့ပေးခဲ့တဲ့ ရွှေလက်ကောက်ကလေးက မွေးကင်းစကလေးငယ်လေးကို ကျန်းမာရေးကောင်းစေပြီး ကြွယ်ဝချမ်းသာမှုတွေ ပေးနိုင်တယ်လို့ သိရပါတယ်။ Lee Hong Ki ကတော့ သူ့သူငယ်ချင်းရဲ့ သားလေးအတွက် သေချာလေး စဉ်းစားပြီး ပို့ပေးခဲ့တဲ့ ပုံလေးပါပဲနော်။

Google

Park Shin Hye နဲ့ Choi Tae Joon တို့ရဲ့ မင်္ဂလာပွဲလေးကို ၂၀၂၂ ခုနှစ်  ဇန်နဝါရီလမှာ ကျင်းပပြုလုပ်ခဲ့ပြီး နာမည်ကြီး အနုပညာရှင်တွေအများကြီး တက်ရောက် အားပေး ဂုဏ်ပြုပေးခဲ့ကြပါတယ်။ အိမ်ထောင်ပြုပြီးတဲ့နောက်မှာ တောင်ကိုရီးယား မင်းသမီး Park Shin Hye က အလုပ်တွေ အားလုံးကို နားထားပြီး မိသားစုအတွက်ကိုပဲ အချိန်ပေးနေတာ ဖြစ်ပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။