ဆောင်းဟေကိုဟာဆိုရင် ရုပ်ရည် ချောမောပြေပြစ်ပြီး သရုပ်ဆောင်ကောင်းလွန်းတာကြောင့် ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ အားပေးခြင်းကို ခံထားရတဲ့ သူဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ခံစားချက်တွေကို ဦးစား မပေးတတ်တဲ့သူဖြစ်တဲ့ ဆောင်းဟေကိုဟာ သူမရဲ့ လူမှုရေး အကြောင်းအရာတွေမှာလည်း များစွာ လျို့ဝှက်တတ်တဲ့ သူဖြစ်ပါတယ်။ ဆောင်းဟေကိုက တစ်ဦးတည်းသော သမီးလေး ဖြစ်တာကြောင့် အပေါင်းအသင်းများပြီး သူငယ်ချင်းတွေကိုလည်း အရမ်းချစ်တဲ့ သူဖြစ်ပါတယ်။

Google
Google

တောင်ကိုရီးယားမင်းသမီး ဆောင်းဟေကိုနဲ့ သူမရဲ့သူငယ်ချင်း ဆောင်းယွန်းအာတို့က အခြားသူတွေ မနာလို ဖြစ်ရလောက်တဲ့အထိ အရမ်းကို ရင်းနှီးခင်မင်ကြတဲ့ သူတွေ ဖြစ်ပါတယ် ။ ဆောင်းယွန်းအာကလည်း အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး သူမရဲ့ သူငယ်ချင်း ဆောင်းဟေကိုကို အမြဲထောက်ပံ့ပေးနေတဲ့ သူဖြစ်ပါတယ်။

Instagram

မကြာသေးမီက ဆောင်းဟေကိုရဲ့ ဒရမ်မာဖြစ်တဲ့ “The Glory” ဇာတ်လမ်းလေးကို ဂုဏ်ပြုတဲ့အနေနဲ့ ဆောင်းဟေကိုကို ဆောင်းယွန်းအာက ကော်ဖီထရပ်ကားလေး ပို့ပေးခဲ့ပါသေးတယ်။ ဆောင်းယွန်းအာ မမဆောင်းဟေကိုကို ဂရုစိုက်ပေးတာ အခုတစ်ခေါက်က ပထမဦးဆုံး အကြိမ်တော့ မဟုတ်တော့ပါဘူး။ မမဆောင်းဟေကိုနဲ့ ဆောင်းယွန်းအာတို့က အချင်းချင်း ဆွေးမျိုးတော်စပ်မှု မရှိပေမယ့် သူတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ နှစ် ၂၀ သူငယ်ချင်း သံယောဇဉ်က ရိုးရိုး သူငယ်ချင်းဆိုတာထက်ပိုပါတယ်။

Google
Google

ဆောင်းဟေကိုက တစ်ဦးတည်းသော သမီးဖြစ်တာကြောင့် သူမအနားမှာ ရှိပေးမယ့် ဆွေမျိုးနီးစပ်လိုမျိုးတစ်ယောက်ကတော့ လိုအပ်ပါတယ်။ မွေးဖွားလာတုန်းက တစ်ယောက်တည်းဆိုပေမယ့် ဆောင်းယွန်းအာက ဆောင်းဟေကို အတွက် တကယ့်ကို သွေးသားတော်စပ်တဲ့ အစ်မကြီးလိုပါပဲ။

တောင်ကိုရီးယား မင်းသမီး ဆောင်းယွန်းအာကလည်း ဆောင်းဟေကိုကို ချစ်ပြီး ဘယ်လို တိုက်ခိုက်မှုတွေလာလာ ချစ်ပြီး အရှေ့ကနေ ကာကွယ်သွားမှာလို့ ဖွင့်ဟပြောဆိုခဲ့ဖူးပါသေးတယ်။

Google

ဆောင်းဟေကို စိတ်မကောင်းဝမ်းနည်းနေတဲ့ အချိန်မှာလည်း ဆောင်းယွန်းအာက အနားမှာ အမြဲစောင့်ရှောက်ပြီး ကူညီပေးခဲ့တဲ့ သူဖြစ်ပါတယ်။ သူငယ်ချင်းဆိုတာထက် ညီအစ်မတွေလိုမျိုး ခင်မင်ကြတဲ့ တောင်ကိုရီးယား မင်းသမီး ဆောင်းဟေကိုနဲ့ ဆောင်းယွန်အာတို့ရဲ့ သူငယ်ချင်း ဆက်ဆံရေးလေး အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။