သရုပ်ဆောင် မအေးသောင်းဟာဆိုရင် ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ တည်ငြိမ်အေးချမ်းတဲ့ အလှတရားလေးကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ အသက်ကြီးလာလေ ပိုပြီးချောလေ မအေးသောင်း ဟာဆိုရင် မကြာသေးမီကမှ သူမချစ်ရတဲ့သူနဲ့ လက်ထပ်သွားခဲ့တာဖြစ်ပါတယ်။မအေးသောင်းရဲ့ မင်္ဂလာပွဲက ခန်းနားထည်ဝါလွန်းလို့ မြင်သူတိုင်းကို အားကျသွားစေခဲ့တဲ့ အထိဖြစ်ခဲ့ပါတယ်။

Aye Thaung's Facebook

မကြာသေးမီက မအေးသောင်းက သူမရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အလှူခံတဲ့ ပိုစ့်လေး တင်ခဲ့ပါတယ်။ အလှူခံပိုစ့်မှာ မအေးသောင်းက

“အလုပ်မလုပ်ရတော့ ပိုက်ဆံ မဝင်ဘူး။ ပိုက်ဆံမဝင်တော့ မိုတီမရဘူး။ မိုတီမရတော့ မပိန်ဘူး ။အဲဒီတော့ အကောင့်ထဲ ပိုက်ဆံလေး ထည့်ပေးကြပါလားကွယ် ။မိုတီလည်းရ ပိန်လည်းပိန် ကုသိုလ်လည်းရပါတယ်။ နော်လို့ … ကြည့်မယ်နော် ဘယ်လောက်မိုတီပေးလဲဆိုတာ” ဆိုပြီး ဟာသနှောတဲ့ စာသားလေးကို ရေးထားတာဖြစ်ပါတယ်။

အလှူခံတဲ့ ပိုစ့် တင်ပြီး မကြာခင်မှာပဲ မအေးသောင်း ကို ချစ်တဲ့ မျက်စိလေးနဲ့ ကြည့်ပြီး ချစ်ပေးကြတဲ့ စာသားလေးတွေ ရေးပေးကြသလို တချို့ကလည်း ဒီလိုကာလကြီးမှာ ကိုယ်ကျိုးအတွက် အလှူခံရကောင်းလားဆိုပြီး ဝေဖန်အပြစ်တင်ထားကြပါတယ်။ မအေးသောင်းက အလှူခံထားတဲ့ ပိုစ့်ကိုတင်ပြီး မကြာခင်မှာပဲ ပြန်ဖျက်ခဲ့ပြီး အလှူ ခံတဲ့ အကြောင်းအရင်းကို အခုလို ပြန်လည်ရှင်းပြပေးထားပါတယ်။

Aye Thaung's Facebook

“ဒီပို့စ်လေးကို Only Me လိုက်ပါပြီနော်

ပထဆုံး ကျေးဇူးတင်ချင်တာက တကယ်လွှဲပေးခဲ့တဲ့ချစ်ရတဲ့သူတွေပါ။ Total 23981 ကျပ် ရရှိပါတယ်။

ကျမမွေးနေ့မှာ နှစ်တိုင်းလှူနေကြပါ။ မနှစ်ကလည်း Ambulance ကားတစ်စီး ငွေ သိန်း ၅၀ လှူဖြစ်ပါတယ်။ အဲ့တုန်းကလည်း ခင်တဲ့သူတွေနဲ့အတူလှူခဲ့တာပါပဲ။ နှစ်တိုင်းလှူခဲ့တာပါ။

ဒုတိယကတော့ အပြစ်အရင်ပြောကြတဲ့သူတွေပါ

အဲ့လူတွေက လွှဲလဲမလွှဲပါဘူး

Aye Thaung's Facebook

သူတောင်းစားတောင်ပေးကမ်းချင်စိတ်ပေါက်သေးတယ်ဆိုပြီးရှဲထားတာတွေရော တအားတရားကျပါတယ် စိတ်ပုပ်မ စိတ်ပုပ်ထီးတွေလို့ ပြောချင်တာ

မကောင်းလို့မပြောတော့ပါဘူး

ဘာပဲဖြစ်ဖြစ် ၁၅ မိနစ်လောက်နဲ့ ပညာတွေလည်းရပါတယ်။ အလှူငွေလည်းရပါတယ်။ ကျေးဇူးတွေလည်းတင်ပါတယ်။ ???”

Aye Thaung's Facebook

မအေးသောင်းက သူမရဲ့ မွေးနေ့ အလှူလေးကို ပရိသတ်တွေနဲ့ အတူ ပြုလုပ်ချင်တာကြောင့် အခုလိုလေး အလှူခံရတဲ့ အကြောင်းကို ပြန်လည် ဖြေရှင်းပေးထားတာ ဖြစ်ပါတယ်။ အလှူငွေ စုစုပေါင်း ၂၁၉၈၁ ကျပ် တိတိ ရရှိပြီး အားလုံးကို သူမရဲ့ အလှူထဲကို ထည့်ပေးသွားမယ့် သရုပ်ဆောင် မအေးသောင်းရဲ့ မွေးနေ့အလှူလေး အကြောင်းကို အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်။

Aye Thaung's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။