ကောင်မလေးတွေကတော့ ချစ်လို့စတာပဲဖြစ်ဖြစ် တခါတလေအလိုမကျတာပဲဖြစ်ဖြစ် သူတို့ကိုဦးစားမပေးလို့ပဲဖြစ်ဖြစ် အကြောင်းအရာအမျိုးမျိုးကြောင့် စိတ်ကောက်တက်ကြပါတယ်။ဒါကလည်း ချစ်သူတွေအတွက်တော့ ချစ်စရာကောင်းတဲ့အမူအကျင့်ပါ။တခါတလေမှာလည်း လျော့နည်းမျိုးများစွာလျော့သော်လည်း အဆင်မပြေမှုတွေရှိပါတယ်။ဒါကြောင့်ကောင်မလေးတွေရဲ့ စိတ်ကောက်တတ်တဲ့ စတိုင်တွေကို ယခုလိုစုစည်းဖော်ပြလိုက်ရပါတယ်။
၁။ မာကောက်…
သူတို့က စိတ်ကောက် ပြီဆိုတာနဲ့တစ်ကိုယ်လုံးက မာမာတောင့်တောင့် ကြီးဖြစ်သွားတာ တခါတလေတွေ့ရတက်ပါတယ်။အဲ့အချိန် သူ့လက်ကို သွားဆွဲကြည့် မရဘူး။တောင့်ထားတာအဲ့ဒီလို စိတ်ကောက်ပြီဆိုတာနဲ့တစ်ကိုယ်လုံးကို မာတောင့်ထားတတ်တဲ့ ကောင်မလေး တွေကို မာကောက်…....
၂။ ဖြတ်ကောက်…
သူတို့က စိတ်ကောက် ပြီဆိုတာနဲ့ အဆက်အသွယ် အကုန်ဖြတ်ပစ်တာ။Facebook,Viber, Phone ရှိသမျှ အားလုံးဘလော့မယ်။အဲ့ဒီလို စိတ်ကောက်တာနဲ့ ရှိသမျှ အဆက်အသွယ်အကုန်ဖြတ်ပြီး ကောက်တတ်တဲ့ ကောင်မလေး တွေကို ဖြတ်ကောက်…
၃။ ငတ်ကောက်…
သူတို့က အစာငတ်ခံ ဆန္ဒပြသလိုပေါ့။သူတို့ကလည်း ကိုယ့် ချစ်သူ ကိုအစာငတ်ခံပြီး စိတ်ကောက်တာ။ဘာကျွေးကျွေး လုံးဝမစားဘူး။ရေလည်း မသောက်ဘူး။။ဒါပေမဲ့ ခင်ဗျားရှေ့တော့ ဘာမှမစားဘူး။အဲ့လို ဘာမှ မစား မသောက်ဘဲအငတ်ခံကောက်တတ်တဲ့ကောင်မလေးတွေကို ငတ်ကောက်…
၄။ ရွဲ့ကောက်…
သူတို့ကတခါတလေ စိတ်ကောက် ပြီဆိုတာနဲ့ ရွဲ့ပြတာပေ့ါ။အဲ့အချိန် ခင်ဗျား မကြိုက်တာ အကုန်လုပ်မယ်။ခင်ဗျားက မသွားနဲ့ဆို သွားမယ်။မစားနဲ့ဆို စားမယ်။ဒါကတော့ ရွဲ့ကောက်ပေါ့
၅။ ရစ်ကောက်…
သူတို့က စိတ်ကောက်ပြီဆိုတာနဲ့ ခင်ဗျား ကို ရစ်တော့တာ။မသောက်ဘဲနဲ့ကို ဘလိုင်းကြီး ရစ်တာနော်။ခင်ဗျားရဲ့အတိတ်ကို တူးဆွပြီး ရစ်ရင်ရစ်။အဲဒါကတော့ ရစ်ကောက်...........
၆။ ဆွံ့ကောက်…
သူတို့က စိတ်ကောက်ပြီဆိုတာနဲ့ဆွံ့အ နားမကြားတွေလိုပဲ ဘာပြောပြော ဘာဆိုဆိုဘာမှကို ပြန်မပြောတော့တာ။ ပါးစပ်ကြီးတွေပိတ်ပြီးပြန်လဲ မပြော။ နားလဲ မထောင်နဲ့ဘာဆိုဘာမှ မပြောဘဲ လုပ်ချင်ရာ လုပ်တော့တဲ့ကောင်မလေးတွေကို ဆွံ့ကောက်…
၇။ ငိုကောက်…
သူတို့က စိတ်ကောက်ပြီဆိုတာနဲ့သနားကမားရုပ်လေးတွေနဲ့ တန်းငိုတော့တာ။ဘေးလူ ကများ မသိလို့ကြည့်လိုက်ရင်ခငဗျားကပဲ သူ့ကို ဟိုဒင်းဟိုဟာ ကျူးလွန်မိလို့သူ့မှာ ဒူးနဲ့ မျက်ရည် သုတ်နေရတာလိုလို။အဲဒါကတော့ ငိုကောက်......
၈။ ကြမ်းကောက်…
သူတို့က စိတ်ကောက် ပြီဆိုတာနဲ့ ဘီလူး ဆိုင်းတီးသလိုပဲ။ ပတ်ကြမ်းတိုက်တော့တာ။အော်မယ်။ ဟစ်မယ်။ ထုမယ်။ ထောင်းမယ်။ရိုက်မယ်။ နှက်မယ်။ အဲဒါကျ ကြမ်းကောက်....
၉။ လက်ကောက်…
သူတို့က စိတ်ကောက် ပြီဆိုတာနဲ့ပြန်ချော့ချင်ရင် လက်ဆောင် ဝယ်ပေးမှရတာမျိုး။ လက်ဆောင် လေးဝယ်ပြီး ချော့မှ ပျော့တာမျိုးပေါ့။အတယ်ပဲပြောရမလား။အဲ့လို ကောင်မလေးတွေကို လက်ကောက်........
၁ဝ။ ဖျားကောက်…
သူတို့က စိတ်ကောက် ပြီဆိုတာနဲ့ဖျားတော့တာ။နေမကောင်းတန်းဖြစ်တော့တာ။ဟိုနားက နာရတာနဲ့ ။ဒီနားက အောင့်ရတာနဲ့။ကိုက်ရတာနဲ့ ။ ခဲရတာနဲ့ ။လူမမာရုပ်နဲ့ ပလာစတာလေး နားထင်မှာကပ်လို့အဟွတ် အဟွတ်နဲ့ ဖြစ်တော့တာ ။အဲဒါက ဖျားကောက်ပေါ့
သတင်းအရင်းမြစ် ဖိုးသူေတာ္
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။