ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မင်းသားတစ်လတ်ဖြစ်တဲ့ Push Puttichai ဟာဆိုရင် သူ့ရဲ့ ချစ်ဇနီးလေးနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က လက်ထပ်ခဲ့တာဖြစ်ပါတယ်။

Google
Google

ဒီကနေ့မှာတော့ Push Puttichai တစ်ယောက် သူ့အမျိုးသမီး Jooy ရင်သွေးလေး လွယ်ထားရပြီဖြစ်တဲ့ အကြောင်းကို ဓာတ်ပုံလေးတွေနဲ့ တကွ ထုတ်ဖော်ပြသပေးလာခဲ့တာဖြစ်ပါတယ်။

Photo Credit to original uploader
Photo Credit to original uploader

Push Puttichai တို့ စုံတွဲလေးက သူတို့ ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့အကြောင်းကို ဝိုင်းဝန်း ဂုဏ်ပြုပေးခဲ့ကြသူတွေ အားလုံးကို ကျေးဇူးတင်ကြောင်းဆိုထားပြီး အခု ရင်သွေးလေးက သူတို့ ဇနီးမောင်နှံအတွက် အကောင်းဆုံး လက်ဆောင်ကြီးတစ်ခုလို့ Push Puttichai ကပြောပါတယ်။ Push Puttichai နဲ့ Jooy တို့ ဇနီးမောင်နှံဟာ စက်လှေပေါ်ကနေ ပြုတ်ကျသေဆုံးသွားတဲ့ မင်းသမီး Tangmo ရဲ့ ဈာပန အခန်းအနားကို မတတ်ရောက်ခဲ့တဲ့အတွက်လည်း ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရပါသေးတယ်။

Photo Credit to original uploader
Photo Credit to original uploader

Push Puttichai ဟာ ၁၉၈၆ ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဖြစ်ပြီး Golden Temple ရဲ့ နာမည်ကြီးတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ Push Puttichai က ၂၀၁၀ ခုနှစ်မှာ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး The Dream Prince ၊ The Ugly Duckling ၊ The Coming Sam Sam ၊ You Are My Heartbeat စတဲ့ ဇာတ်လမ်းတွဲတွေကို ရိုက်ကူးခဲ့တဲ့ သူဖြစ်ပါတယ်။ ပထမဦးဆုံးရင်သွေးလေးအတွက် ဂုဏ်ယူပါတယ်နော် Push Puttichai ရေ ..

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။