တောင်ကိုရီးယား သရုပ်ဆောင် Hyun Bin နဲ့ Son Ye Jin တို့က မကြာသေးမီကမှ လက်ထပ်ထားကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးက နာမည်ကြီးတွေ ဖြစ်တဲ့ အလျောက် တစ်ယောက်ပေါ် တစ်ယောက် အရမ်းချစ်ကြပြီး ကြင်နာကြတဲ့ သူလေးတွေ ဖြစ်ပါတယ်။ လက်ထပ်ပြီးခါစတုန်းကလည်း Son Ye Jin နဲ့ Hyun Bin တို့ စုံတွဲလေးက ဟန်းနီးမွန်းခရီးစဉ် ထွက်ခဲ့ကြပါသေးတယ်။

Google

Hyun Bin နဲ့ Son Ye Jin တို့ စုံတွဲက အသက် ၄၀ အရွယ်မှ လက်ထပ်ခဲ့ကြတဲ့ စုံတွဲဖြစ်ပါတယ်။ ဒါကြောင့် သူတို့ နှစ်ဦး အနေနဲ့ ကလေး ယူဖို့က အရမ်းကြီး မလွယ်ကူနိုင်တာကြောင့် ဖန်ပြွန်သန္ဓေသားနည်းလမ်းနဲ့ ကလေးယူသွားမယ်လို့ တရုတ်ပြည်က ဘလော့ဂါ တစ်ယောက်က ပြောခဲ့ပါတယ်။ Binjin စုံတွဲ ဟန်းနီးမွန်း ခရီးစဉ်သွားရောက်ခဲ့တဲ့ အမေရိကားမှာလည်း ဖန်ပြွန်သန္ဓေသား ယူဖို့နဲ့ ပတ်သတ်ပြီး စုံစမ်းခဲ့ကြတယ်လို့ အဆိုပါ ဘလော့ဂါ က ပြောထားပါတယ်။

QQ
Google
Google

သတင်းကို တင်ပြီးပြီးချင်းတစ်ရက် အကြာမှာပဲ Binjin စုံတွဲရဲ့ ပရိသတ်တွေက ဝိုင်းပြောတာ ခံရတာကြောင့် ပိုစ့်တင်ခဲ့တဲ့ ဘလော့ဂါက သူမ တင်ထားတဲ့ ပိုစ့်ကို ဖျက်ပစ်ခဲ့ပါတယ်။

Google

တကယ်တမ်းတွေးကြည့်ရမယ်ဆိုရင်တော့ ဒီအကြောင်းအရာက အခြေအမြစ်မရှိတဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ ဘာလို့ဆို Binjin စုံတွဲအနေနဲ့လည်း အခုအချိန်မှာ ကလေးယူဖို့ အတွက် စဉ်းစားချင်မှ စဉ်းစား ဦးမှာ ဖြစ်ပါတယ်။ သတင်းမှန်မမှန်ဆိုတာကို သေချာ မသိရသေးပေမယ့် Binjin စုံတွဲသာ ကလေးယူဖို့ အစီအစဉ် ရှိတယ်ဆိုရင် ဖန်ပြွန်သန္ဓေနည်းလမ်းကိုလည်း သုံးနိုင်ကောင်း သုံးနိုင်ပါလိမ့်မယ်။ ပူပူနွေးနွေး လက်ထပ်ထားတဲ့ Binjin စုံတွဲလေးရဲ့ update သတင်းကောင်းလေးကို မျှော်နေရင်း အခုအကြောင်းအရာလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Source - Lovekpop95

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။