ဒြပ်ဝတ္ထု ပစ္စည်းတစ်ခုကို လူတိုင်းမှာ အရူးအမူး ကြိုက်နှစ်တတ်တဲ့ စိတ်ရှိသလို ဖိုမ သဘာဝအနေနဲ့ ကိုယ့်စိတ်ထဲမှာ စွဲလမ်းသွားစေတဲ့ သူတစ်ယောက်တော့ ရင်ထဲမှာ ရှိနေပါလိမ့်မယ်။

သင့်အနေနဲ့ Crush ရမယ့်သူတွေများလွန်းရင်လည်း မကောင်းပါဘူး။ သင်ကယောကျာ်းလေးတစ်ယောက်ဆိုပါတော့ သင ့်မှာ ကိုယ်တကယ် Crush နေတဲ့ကောင်မလေးရှိနေပြီဆိုရင် သူမနဲ့ပတ်သက်ပြီး အပြောအဆိုအမူအရာလေးတွေကအစ သင့်စိတ်ထဲမှာ အမြဲတမ်းလွှမ်းမိုးနေမှာပါ။ သင့်ချစ်သူကောင်မလေးမှာရော ဒီလိုအချက်လေးတွေ ရှိလို့ သူ့ကိုအရမ်းချစ်မိနေတာမဖြစ်နိုင်ဘူးလား ဘော်ဒါတို့။

အထူးသဖြင့် သင်ကမိန်းကလေးဆိုရင်တော့ ကိုယ်ကြိတ်ခိုက်နေတဲ့ ကောင်လေးက ပြန်ကြိုက်စေမယ့် ဒီအချက်(၁၂)ချက်ကို သိထားဖို့လိုမယ်နော်။ Bright side ရဲ့ဖော်ပြချက်အရ ယောကျာ်းလေးတွေ ကြွေတတ်တဲ့အမူအကျင့်တွေရှိပါတယ်။

(၁) သူစားတဲ့ ပန်းကန်ထဲက အစားကို ယူစားတာမျိုးပေါ့။

ယောကျာ်းလေးအများစု က ကိုယ်ချစ်တဲ့ကောင်မလေးရဲ့ အစားစားပုံလေးတွေကို ဂရုတစိုက်စောင့်ကြည့်တတ်ပါတယ်။ ပဲများတဲ့ကောင်မလေးထက် အစားပုပ်တဲ့ကောင်မလေးတွေကို ပိုချစ်တတ်ကြတယ်ဆိုတာ ကြားဖူးတယ်ဟုတ်။ ပွင့်ပွင့်လင်းလင်း ဟန်မဆောင်ပဲ စားတတ်တဲ့မိန်းကလေးဆိုရင်တာ့ သူတို့ကြွေပြီပဲ။

(၂) သူတို့ နေရာတကျ သိမ်းစည်းထားတဲ့ ပစ္စည်းတွေကို သွားပြီးနေရာတွေရွှေ့ခဲ့တာမျိုး။

မိန်းကလေးအများစုက ဟိုဆက်ဆက် ဒီဆက်ဆက် နဲ့ ပြာယာခပ်ပြီး ပွရှုပ်တာ လုပ်တတ်ကြတယ်လေ။ ကိုယ့်ချစ်သူကောင်လေးအိမ်အလည်သွားတာပဲဖြစ်ဖြစ် သူတို့ သေချာသိမ်းထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကို သင်က ယူကြည့်ပြီး တခြားနေရာတွေမှာ ဖွထားခဲ့တာမျိုးဆိုရင် သူတို့က စိတ်မဆိုးပဲ သင့်ကို လူဆိုးမလေးလို့ ကြိတ်တွေးနေပုံပါပဲ။

(၃) အမြဲတမ်းလိုလို အပြင်ကိုလျှောက်သွားနေတဲ့ မိန်းကလေးမျိုး။

မွေးနေ့ပွဲဆိုလည်း သူမပါတယ်။ အလှုဆိုလည်း ပါတယ်။ ပါတီပွဲဆိုလည်း သူမပါတယ်.. နေရာတကာ တွေ့နေရတတ်တာကိုပဲ သူတို့က ကြိတ်သဘောကျနေကြတာပါ။

(၄) သူ့အကြောင်းကို သင့်နောက်ကွယ်မှာ တခြားလူတွေနဲ့ အတင်းတုပ်တာမျိုး။

သူ့ အပြောအဆိုအမူကျင့် ၊ ၀တ်ပုံစားပုံ နဲ့ပတ်သက်ပြီး သင့်အပေါ် ဘယ်လိုသဘောထားတယ်ဆိုတာ သင့်သူငယ်ချင်းတွေကို သူ့ကွယ်ရာမှာ ပြောပြတာကိုလည်း သဘောကျတတ်ကြပါတယ်။

(၅) သူနဲ့ရှိချိန်တိုင်း သင်လုပ်မိတဲ့ တလွဲအမူအရာလေးတွေ။

အထူးသဖြင့် ရှက်ပြာရှက်ပြာနိုင်တဲ့သူလေးတွေပေါ့။ ရည်းစားနဲ့တွေ့ရင် ဒေါက်ဖိနပ်ကပေါက်လို့ ခြေထောက်နာလို့ အဝတ်အစားက အရမ်းကျပ်နေလို့ နေရခက်လို့ စသဖြင့် ဘိုသီပတ်သီ ပြာယာခတ်နေတာလေးကိုလည်း ကောင်လေးတွေက ကြိတ်ကြွေကြပါတယ်တဲ့ ။

(၆)သူ့နေရာမှာ သင့်ပစ္စည်းတွေချည်းပဲ နေရာယူထားမျိုးပေါ့။

(၇) သင်လိုချင်တဲ့ ပစ္စည်းတစ်ခုကို သူသိအောင် အရိပ်အမြွက်ပြောပြတာမျိုး။

ကောင်မလေးတွေက စကားကိုသွယ်ဝိုက်ပြီးမလှိမ့်တပတ်ပြောတတ်ကြပါတယ်။ မိန်းကလေးတို့မာယာပေါ့။ စိန်လက်စွပ်လေးလိုချင်တယ်ဆိုပါတော့..။ ငါဒီနေ့ စျေးဝယ်တော့ စိန်လက်စွပ်လေးတစ်ကွင်းလှလို့ အရမ်းသဘောကျမိတယ် ဆိုပြီး သူဝယ်ပေးချင်လာအောင်ပြောတာမျိုးပေါ့။

(၈)အကြောင်းပြချက်မရှိ ငိုတာမျိုး။

ယောကျာ်းတွေအကြောက်ဆုံး အရာထဲမှာ မိန်းကလေးတွေရဲ့လက်နက်ဖြစ်တဲ့ မျက်ရည်ပါပဲ။ အလိုမကျတာပဲဖြစ်ဖြစ် ပြဿနာရှာရစ်ရလို့ အားမရတဲ့အခါ အကြောင်းပြချက်ကို မရှိပဲ ငိုချလိုက်မျိုးကို ယောကျာ်းတွေက သဘောကျတတ်ကြပါတယ်။ 

သတင်းအရင်းမြစ် Ref - Brightside

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။