ဘုန်းလျှံဟာဆိုရင် မြန်မာရုပ်ရှင်ဇာတ်ကားတွေတော်တော်များများမှာ သရုပ်ဆောင်ဖူးတဲ့သူဖြစ်သလို သီချင်း MTV တွေထဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ ဗီဒီယိုခေတ်က မင်းသား ဘုန်းလျှံကို ဆိုရင် မသိတဲ့သူမရှိခဲ့သလောက်ပါပဲနော်။ ဘုန်းလျှံဟာဆိုရင် အကျဉ်းထောင်ထဲကနေ ပြန်လွတ်လာပြီး နောက်မှာ ချစ်ဇနီးလေးနဲ့ လက်ထပ်ထားတာပဲဖြစ်ပါတယ်။ ကာလအတန်ကြာ အနုပညာ လှုပ်ရှားမှုတွေကနေ ပျောက်ကွယ်သွားတဲ့ ဘုန်းလျှံကို အခုနောက်ပိုင်းမှာ အနုပညာ လှုပ်ရှားမှုတွေမှာလည်း ပြန်တွေ့လာရပါတယ်။

Google
Google
Google

သာယာလှပတဲ့ အိမ်ထောင်ရေးလေးကို ရရှိပိုင်ဆိုင်ထားတဲ့ ဘုန်းလျှံဟာ အိမ်ထောင်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ ချစ်စရာ ရင်သွေးလေးကို ရရှိပိုင်ဆိုင်ချင်ပေမယ့်လည်း သူ့ကို အခုအချိန်ထိ ကံတရားက မျက်နှာသာမပေးသေးဘူးလို့ သိရပါတယ်။ လင်မယား နှစ်ယောက်စလုံးက ကလေး အရမ်းလိုချင်ပေမယ့် ကလေး အဖက်မတင်ဘဲ ခဏခဏ ပျက်ကျနေတဲ့ ဆိုးရွားလွန်းလှတဲ့ ကံကြမ္မာအကြောင်းကို ဘုန်းလျှံက ဗီဒီယိုလေးနဲ့ တကွ အခုလိုလေး ပြောလာခဲ့ပါတယ်။

Google
Google
Google

“ကိုယ်တွေသာကလေးကံမပါသေးတာ..ကလေးချစ်တတ်တဲ့စိတ်ကလေးကတော့နှစ်ယောက်စလုံးမှာအပြည့်??

ကိုယ်တွေနဲ့ရေစက်ဆုံမဲ့ရင်သွေးလေးက.

ဘယ်အချိန်.ဘယ်သောအခါမှ.ဆုံစည်းမည်နည်း

??”

Facebook

သရုပ်ဆောင် ဘုန်းလျှံရဲ့ အမျိုးသမီးဖြစ်သူ ဗီဒီယိုလေးကြည့်ရတာ ရင်ထဲမကောင်းဘဲ တကယ် ခံစားရပါတယ်နော်။ ကလေးကံမကောင်းတဲ့ ဘုန်းလျှံတို့ လင်မယား သူတို့ လိုချင်တဲ့ ကလေးလေးကို အမြန်ဆုံး ရရှိပိုင်ဆိုင် နိုင်ပါစေလို့ ဆုတောင်းပေးရင် အခုအကြောင်းအရာလေးကို စိတ်မကောင်းဖွယ် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။