တောင်ကိုရီးယားမင်းသမီး ဆောင်းဂျီဟိုဟာဆိုရင် အသက် ၄၀ အရွယ်ရှိနေပြီဖြစ်ပေမယ့် အရွယ်မကျသေးဘဲ နုပျိုနေဆဲ မျက်နှာလေးကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိထားတဲ့ သူဖြစ်ပါတယ်။  သူမဟာ တောင်ကိုရီးယား နာမည်ကျော် Varirty Show အဖွဲ့ဖြစ်တဲ့ Running Man အဖွဲ့ဝင်တွေထဲက တစ်ဦးဖြစ်ပြီး ဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးထားတဲ့သူဖြစ်ပါတယ်။

Google
Google

ဆောင်းဂျီဟိုဟာဆိုရင် လက်ရှိမှာ ဆံပင် အတိုလေး ညှပ်ထားတာဖြစ်ပါတယ်။ ဆံပင်အတိုလေးနဲ့ ချစ်စဖွယ်ပုံရိပ်လေးကို ဆောင်းဂျီဟိုက သူမရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာဖြစ်ပါတယ်။ ဆောင်းဂျီဟိုက ဆံပင်အရှည်နဲ့ အချိန်ကြာမြင့်စွာ ရှိနေခဲ့တဲ့ သူဖြစ်တာကြောင့် သူမရဲ့ ဆံပင်အတိုနဲ့ ပုံစံလေးကို အခုမှ တွေ့ရတာဖြစ်ပါတယ်။ ဆောင်းဂျီဟိုက ဆံပင် အတိုလေးနဲ့လည်း ချစ်ဖို့ကောင်းပေမယ့် ဆံပင် အရှည်လေးနဲ့ ပုံရိပ်လေးက သူမနဲ့ ပိုလိုက်ပြီး ဆွဲဆောင်မှုရှိတယ်လို့ ပရိသတ်တွေက ပြောထားကြပါတယ်။

Instagram
Instagram
Instagram

ချစ်ဖို့ကောင်းတဲ့ မမ ဆောင်းဂျီဟိုရဲ့ ဆံပင်အတိုလေးနဲ့ ပုံရိပ်လေးကို အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။